Connect with us

Politics, Law & Military

၂၀၂၀ – ၂၁ တွင် ကျေးရွာပေါင်း ၉၈၀၀ ခန့်အား မီးပေးနိုင်ရန် မျှော်မှန်း

လျှပ်စစ်တာဝါတိုင် များအားတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

သက္ကရာဇ် ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အစိုးရ၏ ကာလတို ရည်မှန်းချက်အရ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၉၈၀၀ ခန့်တို့ကို မီးပေး နိုင်မည်ဟု မျျှော်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း တင်ပြခဲ့ သည်။

မြန်မာနိုင်ငံအတွင်း မီးရရှိသော ကျေးရွာ ၂၄၂၉၀ သာ ရှိပြီး ကျေးရွာ ၃၉၆၀၀ ကျော်လျှပ်စစ်မီး မရရှိသေးကြောင်း၊ အဆိုပါ ကျေးရွာများ မဟာဓာတ်အားလိုင်း ပြင်ပ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးရေးအတွက် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းတွင် အီတလီနိုင်ငံမှ ချေးငွေ ယူရို သန်း ၃၀ ကို Co-financing အဖြစ် ထည့်ဝင်ဆောင်ရွက်နိုင်ရေးအတွက် အီတလီ အစိုးရက ကမ်းလှမ်းလာခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေနှင့်၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ IDB ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်းကို (NEP:_National Electrification Project ) ကို အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အီတလီ ချေးငွေနှင့် လျှပ်စစ်မီး လက်လှမ်းမီမှုနည်းပါးသော လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်နှင့် အနီးတစ်ဝိုက် ရှိ ပြည်နယ် တိုင်းဒေသကြီးများအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည် ။ မဟာဓာတ်အားလိုင်း ပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ ချေးငွေ Soft Loan ယူရိုငွေ သန်း ၃၀ ၏ စည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ ၁၈ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ်၊ စုစုပေါင်း ချေးငွေ သက်တမ်း ၂၈ နှစ် ဖြစ်ပြီး အတိုးပေးရန်မလိုဘဲ အရင်းငွေကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် စုစုပေါင်း ၂၀ ကြိမ် ပေးဆပ်ရမှာ ဖြစ်ကြောင်း၊ ရယူ အသုံးပြုသင့်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.