Connect with us

Politics, Law & Military

၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ နှင့် နိုင်ငံခေါင်းဆောင်များ တက်ရောက် ဂါရဝပြု


ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၇၁ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကျင်းပရာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ ၏ အထိမ်းအမှတ် ဂူဗိမာန်၌ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ တက်ရောက်၍ လွမ်းသူ ပန်းခွေချ ဂါရဝပြုခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုခြင်း ၊ စစ်ခရာ အဖွဲ့က ကျဆုံး ရဲဘော် အလေးပြု ခရာမှုတ်ကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

အာဇာနည်နေ့

၇၁နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

၇၁နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

၇၁နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူ ပန်းခွေ ချခဲ့ကြသည်။

ထို့အတူ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ မှ ညနေ ၅ နာရီအထိ အာဇာနည်ဗိမာန်သို့ အများ ပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် ဖွင့်လှစ်ထား မည်ဖြစ်ရာ လာရောက်ကြမည့်ပြည်သူများသည် အနောက်ရွှေဂုံတိုင်လမ်း မှ တစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ် (၁)မှ ဝင်ရောက်၍ ဂိတ် (၂)မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ ဘက်မုခ်စောင်းတန်းသို့ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.