Connect with us

Politics, Law & Military

ကချင်ပြည်နယ်၌ ကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ရွှေကူမြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ မိုးကင့် ကျေးရွာ၊ နန့်ကျနီရွှေမှော်သွားတောလမ်းတွင် ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းတွင် မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တစ်စီးပေါ်၌ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ် အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၃၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၈၀ သိန်း)ကိုလည်းကောင်း၊ နောက် ဆိုင်ကယ်တစ်စီးပေါ်၌ ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၃၂ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၂.၆၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၈ သိန်း)တို့အားလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် တရားခံနှစ်ဦးအား ရွှေကူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117