Connect with us

Politics, Law & Military

ဒုတိယသမ္မတ ဦးမြင့်ဆွေ အစည်းအဝေး တက်ရောက်ရန် မော်ရိုကိုနိုင်ငံသို့ ထွက်ခွာ

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မော်ရိုကို နိုင်ငံ Dakhla မြို့၌ ကျင်းပမည့် Crans Montana Forum on Africa and South-South Cooperation အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ မတ် ၁၄ ရက် နံနက် ၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့မှ မော်ရိုကိုနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ဒုတိယသမ္မတဦးမြင့်ဆွေ နှင့်အတူ အဖွဲ့ဝင် အဖြစ် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် လိုက်ပါ သွားခဲ့ပြီး ဒုတိယသမ္မတ ဦးဆောင်သောအဖွဲ့အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.