Connect with us

Politics, Law & Military

စက်သုံးဆီဆိုင်များအား ရှောင်တခင် စစ်ဆေးမှုကို တိုးမြှင့် ဆောင်ရွက်မည်

စက်သုံးဆီဆိုင်တစ်ဆိုင်၌ ကားဆီဖြည့်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်စခန်းများနှင့် အရောင်းဆိုင်များအား စက်သုံးဆီများ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်မှု ရှိမရှိအား ရှောင်တခင် ဝင်ရောက် စစ်ဆေး အရေးယူမှုများကို ယခုထက်ပို၍ တိုးမြှင့် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးမင်းမင်းဦးက ယနေ့ နေ့လယ်တွင် ပြောကြားခဲ့သည်။

နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်းပြုလုပ်ခဲ့သော ပုံမှန် သတင်းစာ ရှင်းပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ယခင်က Mobile Fuel Lab မော်တော်ယာဉ် ခြောက်စီး အသုံးပြု၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင်သာ ရှောင်တခင် စစ်ဆေးမှုများအား ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စက်သုံးဆီများ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန် ပြည့်ဝမှု ရှိစေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထားပြီး ဖြစ်သည့် ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီများက Mobile Fuel Lab မပါဘဲ ရှောင်တခင် ဝင်ရောက် စစ်ဆေး၍ စက်သုံးဆီ နမူနာများကို ရယူပြီး သက်ဆိုင်ရာ ဓာတ်ခွဲခန်းများသို့ ပေးပို့ စမ်းသပ် စစ်ဆေးမှုများကို ယခုထက်ပို၍ တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

စက်သုံးဆီ ခြင်တွယ်မှု မှန်ကန်ခြင်းမရှိကြောင်း သံသယရှိပါက စက်သုံးဆီ ဆိုင်များတွင် ထားရှိသည့် သတ်မှတ် စံခွက်များဖြင့် ခြင်တွယ် စစ်ဆေးနိုင်ကြောင်း ၂၀၁၈ နှစ်လယ်ပိုင်းမှ စပြီး ပြည်သူများသို့ အသိပေးကြေညာခဲ့သော်လည်း ယနေ့အထိတိုင်ကြား စစ်ဆေး အရေးယူရသည့်ဖြစ်စဉ်များ မရှိခဲ့သဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခင်က Mobile Fuel Lab မော်တော်ယာဉ် ခြောက်စီး အသုံးပြု၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင်သာ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှောင်တခင် စစ်ဆေးမှု အကြိမ် ၄၄၄ ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၁ (င) အရ “စံချိန် စံညွှန်း အရည်အသွေးနှင့် အခြင် အတွယ် ပြည့်မီ မှန်ကန်မှု မရှိသော ရေနံနှင့် ရေနံထွက် ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချခြင်း မပြုရ” ဟူသော ပုဒ်မကို ဖောက်ဖျက်လျှင် ခြောက်လထက် မပိုသောထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ် ငါးသိန်းမှ များဆုံး ကျပ် သိန်း ငါးဆယ်အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ် အရေး ယူခြင်းခံရမည် ဖြစ်ပြီး ပုဒ်မ ၃၁ (က) ၏ လိုင်စင်ပါ စည်းကမ်းများ ဖောက်ဖျက်ပါက လိုင်စင်ကာလ ရပ်ဆိုင်းခြင်း၊ အမြဲတမ်း ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းများအထိ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.