Connect with us

Politics, Law & Military

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ငွေကျပ် ၉၁၃ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားသက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၉၁၃ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်၊ နေ့လည် ၁၂းဝဝနာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁)ဗန်းမော် (မိုးမောက်လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်-မိုးမောက် သွားကားလမ်းပေါ်ရှိ ကျောက်စခန်းစစ်ဆေးရေးဂိတ်တွင် လွယ်ဂျယ်မြို့ ဘက်မှ မိုးမောက်မြို့ဘက်သို့ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်နေ အင်ယော်နော်ရိန်(ခ)နော်ရိန် ၂၃ နှစ် မောင်းနှင်လာ သည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် အံဝှက်ပြုလုပ်သိုဝှက်သယ်ဆောင်လာ သော ရောင်စုံဆပ်ပြာခွက် ၈၃ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၉၁၃ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၁၃ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.