Connect with us

Politics, Law & Military

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန် မကျင့်သုံးပါက အရေးယူဆောင်ရွက်သွားမည်

အချက်ပြစနစ်နှင့် ပတ်သက်သည့် ရှောင်ရန်၊ဆောင်ရန်အားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Traffic Police)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းများအားလုံးတွင် ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ထိုသို့ မကျင့်သုံးသည့်မော်တော်ယာဉ်များအား စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နောက်မှကျော်တက်လိုသော ယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှု မှန်ကန်စွာ အသုံးပြုနိုင်ရေးနှင့် သတ်မှတ်ထားသော အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များကို အရှိန်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း ပညာပေးမှုများ၊ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် အဆိုပါ ယာဉ်/လမ်းစည်းကမ်းလိုက်နာမှုမရှိသူယာဉ်မောင်းများအား စတင်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတနိုင်ငံလုံးအတိုင်းအတာနှင့် မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းတွေ အားလုံးတွင် ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.