Connect with us

Politics, Law & Military

လောက်ကိုင်မြို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ဦးဒဏ်ရာရရှိ

လောက်ကိုင်မြို့တွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်ပစ္စည်းဆိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ-Internet)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

လောက်ကိုင်မြို့ အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းလမ်းဆုံအနီးရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုက သြဂုတ်လ ၂ရက်နေ့ ညနေ ၄နာရီ၃၅မိနစ်တွင် တာပူချီလျှပ်စစ် ပစ္စည်းအရောင်းဆိုင်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်မှ စတင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဆိုင်ကယ် အနီးတွင်ဖြတ်သန်းမောင်းနှင် သည့် ကားတစ်စီး၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် ဆောက်လုပ်နေဆဲတိုက်သို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ပေါက်ကွဲမှုကြောင့် ကားပေါ်ပါ လူ၅ဦးနှင့် အနီးနားရှိ လူ၃ဦးအပါအဝင် စုစုပေါင်း ၈ဦးတို့သည် အစများထိမှန်ပြီး လားရှိုးဆေးရုံတွင် ၆ဦး၊ လောက်ကိုင်ဆေးရုံတွင် ၂ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
ယင်း မိုင်းပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ပေါက်ကွဲရသည့် အကြောင်းရင်းနှင့် ဖောက်ခွဲသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းနေပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး (ပ )၂၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၈၆၊ ၃၂၆၊ ၄၂၇သို့ဖြင့် လောက်ကိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.