Connect with us

Politics, Law & Military

ကျောက်ဖြူမြို့ရှိ ထွေ/အုပ် ရုံးဝင်း ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားပြီး လူ ၈ဦးဒဏ်ရာရ

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော နေရာအား စစ်ဆေးမှုပြုလုပ်နေစဉ်(ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အစိုးရရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှု အသေးစားဖြစ်ပွားခဲ့ပြိး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနောက်ဘက်ရှိ အမှိုက်များ၊ ချုံပုတ်များအား ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းမီးရှို့စဉ် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ မြေကြီးအတွင်း မြုပ်နေသော ဗုံးသီးဟောင်းသည် မီးအပူရှိန်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.