Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် ကော်မတီ ၁၄ခုအား သက်တမ်း တစ်နှစ်စီ တိုးမြှင့်

ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာအားတွေ့ရစဉ်(ပြည်သူ့လွှတ်တော်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော်ကော်မတီ ၁၄ခုအား သက်တမ်းတစ်နှစ်စီ တိုးမြှင့်လိုက်ကြောင်း ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာအမှတ် ( ၁၃/ ၂၀၁၉)ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရဖွဲ့စည်းခဲ့သည့် အောက်ပါကော်မတီ ၁၄ ခု ၏ သက်တမ်း ကို နောက်ထပ် တစ်နှစ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၊ တောင်သူလယ်သမားနှင့်အလုပ်သမားကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ၊ ရင်းနှီးမြှုပ်နှံမှု နှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ၊နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီ ၊စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီ နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီတို့ကို သက်တမ်းတစ်နှစ်စီ တိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.