Connect with us

Politics, Law & Military

ခိုးကူးခွေ ရောင်းချသူများကို ရာဇဝတ် ပုဒ်မများနှင့် အရေးယူနိုင်သော ဂီတမူပိုင်ခွင့် ညွှန်ကြားလွှာ ပြင်ဆင်

ရန်ကုန်မြို့တွင်း ရောင်းချနေသော ခိုးကူးခွေများကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ခိုးကူးခွေ ရောင်းချသူများကို ရာဇဝတ်ပုဒ်မမျာနှင့် အရေးယူနိုင်သော ဂီတ မူပိုင်ခွင့် ညွှန်ကြားလွှာကို မြန်မာ့ဂီတ အစည်းအရုံးက ပြင်ဆင်နေကြောင်း အဆိုပါ အစည်းအရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဂီတ မူပိုင်ခွင့် ညွှန်ကြားလွှာကို ထုတ်ပြန်နိုင်ရန် ဂီတသမားများ အလွှာငါးလွှာ ခွဲခြားပြီး အသေးစိတ် ဆွေးနွေးနေကြောင်း မြန်မာ့ဂီတ အစည်းအရုံး မူပိုင်ခွင့် ချိုးဖောက်မှု ကာကွယ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်း ဂီတ မူပိုင်ခွင့် ညွှန်ကြားလွှာ ထုတ်ပြန်နိုင်လျှင် ပိုမို ပြင်းထန်သည့် ပြစ်ဒဏ်များနှင့် ခိုးကူး ရောင်းချသူများကို အရေးယူလာနိုင်လျှင် ခိုးကူး ရောင်းချသူများ တဖြည်းဖြည်းနှင့် ရပ်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
အဆိုတော်၊ တေးဂီတ၊ စက်မှု၊ ထုတ်လုပ်သူ စသည်တို့ တင်ပြထားသော ဂီတ မူပိုင်ခွင့် ညွှန်ကြားလွှာကို ပြန်ကြားရေး ဝန်ကြီးဌာနက အသိအမှတ်ပြုထားပြီး ယင်း ဂီတမူကြမ်း အသေးစိတ်ကို ဂီတ အစည်းအရုံးတွင် ဆွေးနွေးလျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.