Connect with us

Politics, Law & Military

ဂန့်ဂေါ ပုံညာတောင် ဥမင်အနီးတွင် ငလျင် ပြတ်ရွေ့ကြောရှိသဖြင့် ရထား မပြေးတော့ခြင်းဖြစ်

ပြည်သူ့လွှတ်တော်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ဖွင့်လှစ်ပြီး သုံးနှစ်ခွဲအကြာတွင် ပျက်စီးခဲ့သဖြင့် ခြောက်နှစ်ခန့်ရပ်ဆိုင်းထားရသည့် ကလေး – ဂန့်ဂေါ – ပခုက္ကူ ရထားလမ်းရှိ ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ လမ်းပိုင်းအား ပြန်လည်ပြေးဆွရြန် အစီအစဉ် မရှိကြောင်း၊ ပုံညာတောင် ဥမင်အနီးတွင် ငလျင် ပြတ်ရွေ့ကြောများ ရှိခြင်း၊ ပြင်ဆင်ရန် ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးကယနေ့ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ပြန်လည်ပြုပြင်ဖို့က ကုန်ကျစရိတ်များပြီး စီမံကိန်းအသစ်တစ်ခုလို ဆောင်ရွက်ရမယ်။ ပြတ်ရွေ့ကြောတွေ ရှိတဲ့အတွက် မြေပြိုတာ လျှောကျတာတွေလည်း ဆက်ပြီး ဖြစ်လာနိုင်တယ်။ ငွေကုန်ပြီး အကျိုး မရှိနိုင်ဘူး၊ ခရီးသည် စီးနင်းမှု နည်းပါးခြင်း၊ စီးပွားရေးအရလည်း တွက်ခြေမကိုက်တဲ့အတွက် ဒီလမ်းကို ပြန်ပြင်ဆင်ပြီး ရထားပြေးဆွဲဖို့အစီအစဉ် မရှိသေးပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
ကျော-ရေမျက်နီ လမ်းပိုင်းရှိ ပုံညာတောင် ရထားလမ်းသည် တောင်ကို ထွင်း၍ ပေ ၅၆၁၀ အရှည် ဖောက်ထားသည့် ဥမင်အား ဖြတ်သွားရကြောင်း၊ ထို ဥမင်၏ အခြေအနေမှာ ကောင်းမွန်သော်လည်း မိုးသည်းထန်ပြီး ဂီရိမုန်တိုင်းကျရောက်ချိန်တွင် ရထားလမ်းပိုင်းအတွင်း မြေသား နိမ့်ကျခြင်း၊ မြေပြိုခြင်းများကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ကာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စတင် ဖွင့်လှစ် ပြေးဆွဲခဲ့သော ရထားခရီးစဉ်အား ၂၀၁၀ ဇူလိုင် ၅ ရက်နေ့မှစ၍ ပိတ်ခဲ့ရသည်။
ကားလမ်းခရီးစဉ်များ ရှိသော်လည်း စရိတ်သက်သာသော ရထားကို ပို အားထားနေကြသည့် ဒေသခံ ပြည်သူများအတွက် ရထားလမ်း ပြန်ပြေးဆွဲစေလိုသဖြင့် ဂန့်ဂေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော်မှ တစ်ဆင့် မေးခဲ့သည်ကို ပြည်ထောင်စု ဝန်ကြီးက ပြန်ဖြေခဲ့ခြင်းဖြစ်သည်။
ထိုရထားလမ်းပိုင်းကို ပြန်ပြင်ပါက ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်း ၆၂၃၅.၂ သန်း ရှိကြောင်း၊ ထိုလမ်းပိုင်းတွင် ခရီးသည် စီးနင်းမှုအရ ခရီးစဉ် တစ်ခေါက်အတွက် ရရှိငွေသည် ကျပ် နှစ်သောင်းနှင့် သုံးသောင်း အကြားတွင်သာရှိပြီး အသုံးပြုရသည့် တစ်ခေါက်စာ ဆီဖိုးမှာ ကျပ် ၃၅၄၀၀၀ ရှိသဖြင့် စီးပွားရေး တွက်ခြေမကိုက်ကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.