Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံသည် ရေရှည် ငြိမ်းချမ်းရေးအတွက် အာမခံချက် ရှိရမည်

၂၁ရာစုပင်လုံ ညီလာခံကို မန္တလေးမြို့ရှိပြည်သူများ ထောက်ခံဆန္ဒပြုနေကြစဉ်(ဆင်ဟွာ)

မန္တလေး၊ ဇူလိုင် ၃၁ (ဆင်ဟွာ)

၂၁ ရာစု ပင်လုံ ညီလာခံသည် အချိန်၊ လုပ်ပိုင်ခွင့် အစရှိသော ကာလ အကန့်အသတ် တစ်ခု အောက်တွင် ပြီးမြောက်စေခြင်းမျိုး မဟုတ်ဘဲ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အာမခံချက် ရှိစေရုံမျှသာမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကျပ်အတည်းကို ဖြေရှင်းနိုင်သော လုပ်ငန်းစဉ်တစ်ရပ်အထိ ပြီးမြောက်စေလိုသည်ဟု မန္တလေး ဒေသခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူလူထု တစ်ရာ ဦးခန့်က ယနေ့နံနက်တွင် ထောက်ခံ ဆန္ဒပြုခဲ့ကြသည်။

၂၁ ရာစု ပင်လုံကို ကြိုဆို ထောက်ခံသည့် အထိမ်းအမှတ် အဖြစ် မန္တလေးမြို့၊ ၃၇ လမ်း၊ မင်္ဂလာ မန္တလေးရှိ သီရိ Art Gallery တွင် ယနေ ့နံနက် ၁၀ း ၀၀ နာရီ၌ ပြုလုပ်သော ကာတွန်းပြပွဲသို့ အဆိုပါ ပြည်သူ တစ်ရာခန့်တို့က “၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရမည်” ဟူသော ကြွေးကြော်သံများဖြင့် ချီတက်စုဝေးခဲ့ကြသည်။ ထိုပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင် တို့လည်း တက်ရောက်ခဲ့သည်။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ကာတွန်းပြပွဲ ဆိုင်းဘုတ် အားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ကာတွန်းပြပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ လာရောက် ကြည့်ရှုစဉ် (ဆင်ဟွာ)
အဆိုပါ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၃၀ ကျော်တို့က ကာတွန်း ၈၀ ကျော်ကို ခင်းကျင်းပြသထားခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ မြို့တော်ဝန် နှင့် ဇနီး တို့နှင့်အတူ တက်ရောက်လာသော အုပ်ချုပ်ရေး အဖွဲ့အစည်းမှ အရာရှိကြီးများ၊ အရပ်ဘက် အဖွဲ့အစည်းမှ မြို့မိ မြို့ဖ များက ပင်လုံ ညီလာခံနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှု ရေးဆွဲထားသည့် ကာတွန်းများကို လှည့်လည် ကြည့်ရှုကြသည်။။ Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.