Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးဆွေးနွေးစဉ် တိုက်ပွဲများ ထိန်းချုပ်ရန် အစိုးရသို့ တိုက်တွန်း

(၇) ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပ နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသည့် အချိန်များအတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် တိုင်းရင်းသားများဘက်မှ အစိုးရထံ တိုက်တွန်းပြောကြားခဲ့သည်။

(၇) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်း ရရှိရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ မတ်လ (၃၀) ရက်နေ့၌ ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၇) ရက်မြောက်နေ့တွင် (NCCT) ဘက်မှ ထိုကဲ့သို့ တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)က မတ်လ (၂၈ ) ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်၌ မြေပြင်နှင့် ဝေဟင်ကပါ တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် လက်ရှိငြိမ်းချမ်း ရေးဆွေးနွေးပွဲကို မထိခိုက်ရန်အတွက် တိုက်ပွဲများ အမြန်ရပ်တန့်ရန် တိုက်တွန်းထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆွေးနွေးစဉ်ကာလအတွင်း ကိုးကန့်၊ ကချင်၊ ရခိုင်တပ်မတော်တို့နှင့် တပ်မတော် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သတ်ပြီး (NCCT) ဘက်မှ (၇) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်း (NCA) ဆွေးနွေးပွဲ ပထမရက်တွင် ပဋိပက္ခ လျော့ချရေး လုပ်ငန်းစဉ်အတွင်း ထည့်သွင်း ဆွေးနွေးခဲ့ရာ (UPWC) ဘက်မှ (NCA) ရရှိရေးကို အဓိကထား ဆွေးနွေးမည် ဖြစ်သဖြင့် တိုက်ပွဲများနှင့် ပတ်သတ်ပြီး သီးသန့် ဆွေးနွေးရန် ပြောကြားခဲ့သည်။ (Xinhua)