Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် စက်တင်ဘာလအတွင်း လက်မှတ် ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် ကိုးဦး တို့ ဆွေးနွေးပွဲ။ (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၉ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ကို စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားသည်။

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် ကိုးဦးတို့ သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယနေ့ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ တွင် ယနေ့ နံနက်ပိုင်းမှ စတင် ဆွေးနွေးလျှက်ရှိသည်။

ယနေ့ ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို စက်တင်ဘာလအတွင်း ရေးထိုးနိုင်ရန် ညှိနှိုင်း တိုင်ပင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ အပစ်အခတ်ရပ်စဲရေးအတွက် ရရှိသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားသင့် ကြောင်း သမ္မတ ဦးသိန်းစိန်က ယနေ့ တွေ့ဆုံပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ ကို ပထမဆုံး ဖိတ်ကြားခဲ့ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံစဉ်။ (ဆင်ဟွာ)

“အားလုံးပါဝင်ရေးကို အခြေခံပြီး အလျော့အတင်း ပြုလုပ်စေလိုတယ်”ဟု KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ယနေ့ ဆွေးနွေးပွဲ အဖွင့် နှုတ်ဆက်စကားတွင် ထည့်သွင်းပြောကြားသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တည်း ဆောင်ရွက်၍ မရဘဲ အားလုံး ပါဝင်မှ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက် နိုင်မည်ဖြစ်ပြီး ရရှိထားသော အခွင့်အရေးများ နောက်ကြောင်း ပြန်မလှည့်ရန် နှစ်ဖက်ခေါင်းဆောင်များပေါ် မူတည်ကြောင်း KIO ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။

အဆိုပါ နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိမ်း၊ ဝန်ကြီး ဦးအုန်းမြင့်၊ ဝန်ကြီး ဦးရဲထွဋ် နှင့် အခြား အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားများဘက်မှ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ SSPP နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်၊ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမော်၊ KNPP ဥက္ကဌ ခွန်အေဘယ်တွိဒ် တို့အပြင် အခြား တိုင်းရင်းသားများ၊ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး လျှက်ရှိသည်။

ယနေ့ ကျင်းပသည့် နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် ရက်သတ်မှတ်နိုင်ရေးနှင့် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ရှေ့ဆက် လုပ်ငန်းစဉ်များ အပါအဝင် အားလုံးပါဝင် လက်မှတ် ရေးထိုးရေးများကို အဓိက ဆွေးနွေးမည်ဖြစ်သည်။ (Xinhua)