Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်အတွင်း ဖုန်းဟန်းဆက်သွင်းယူသူလေးဦးအား အမိန့်ချမှတ်

လွတ်ငြိမ်းချမ်းသာပြုလိုက်သော အကျဉ်းသား အချို့အားတွေ့ရစဉ် (လူ့အခွင့်ရေးကော်မရှင်)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မေ ၁၃ ရက် ညနေ ၄ နာရီခွဲက ရွှေဘိုအကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက်သွင်းယူသူ များအား ထောင်ဒဏ်ခြောက်လစီ ကျခံစေရန် ရွှေဘိုမြို့နယ်တရားသူကြီး ဦးထွန်းဦးက အမိန့်ချမှတ် ခဲ့ကြောင်း ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ က သိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားများ ဖြစ်ကြသည့် ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ၊ အာကာဦး၊ မိုးနိုင်နှင့် အကျဉ်းဦးစီး ဌာနမှ တပ်သား မိုးကျော်ဇင်အောင်တို့ လေးဦးအား အကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက်သွင်းယူကိုင်ဆောင်သဖြင့် ရွှေဘိုမြို့မ ရဲစခန်းက ရွှေဘိုမြို့နယ်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရွှေဘိုမြို့နယ်တရားရုံးမှ ရာကြီးအမှတ် ( ၅၆၉ / ၂၀၁၉ ) ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်သူ လေးဦးအား အကျဉ်းထောင် အက်ဥပဒေပုဒ်မ – ၄၂ အရ ထောင်ဒဏ် ခြောက်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.