Connect with us

Politics, Law & Military

ထိုင်းနိုင်ငံမှ ဘတ်သန်း ၁၄၀၀ ကျော် ချေးယူရန် လွှတ်တော် အတည်ပြု

လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းနိုင် ရှင်းလင်း ဖြေကြားစဉ်။

နေပြည်တော်၊ မေ ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တိုးတက် ကောင်းမွန်စေရေး စီမံကိန်း အတွက် ထိုင်းနိုင်ငံ NEDA(Neighbouring Countries Economic Development Cooperation Agency) ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးယူရေးအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

ထိုစိမံကိန်းအတွက် ချေးငွေရယူခြင်းအပေါ် ၂၀၁၉ မေ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ မှ ဒုတိယ ဝန်ကြီးများက ပြန်လည် ၇ှင်းလင်း ဖြေကြားပြီးနောက် လွှတ်တော်က ဆန္ဒမဲ ရယူသည့်အခါ ထောက်ခံ ဆန္ဒမဲ များသဖြင့် ချေးယူရန် သဘောတူ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် အကြံပေး လုပ်ငန်း ငှားယမ်းခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်းတို့နှင့် ပတ်သက် ပြီး လျှပ်စစ်နှသင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က “စီမံကိန်း အကောင် အထည် ဖော်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် ထိုင်း အကြံပေးအဖွဲ့များရဲ့ စာရင်းကို NEDA ထံမှ သီးစွာ တောင်းခံခြင်း၊ အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ခြင်း၊ တင်ဒါ စည်းကမ်းသတ်မှတ်ချက်များနဲ့ အညီ စိစစ်ရွေးချယ်ခြင်း၊ ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ NEDA ထံမှ အတည်ပြုနိုင်ရန် သဘောထား တောင်းခံခြင်းများကို အဆင့်ဆင့် ဆောင်၇ါက်မှာ ဖြစ်ပြီး အရည်အသွေးနဲ့ ကုန်ကျစရိတ်အပေါ် အခြေခံ ရွေးချယ်ခြင်းစနစ် (QCBS:_ Quality and cost based selection) ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်း ဖြေကြားစဉ်။

စီံမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း “ရွေးချယ်ခံရတဲ့ ထိုင်း အကြံပေး ကုမ္ပဏီနဲ့ ထိုင်း ကန်ထရိုက်တာများ အနေနဲ့ မြန်မာကန် ထရိုက်တာတို့နဲ့ ပူးတွဲ ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေနိုင်ပါတယ်၊ စီံမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဌာနအနေဖြင့် ချေးငွေ စာချုပ်ချုပ်ဆိုနိုင်ရန် NEDA နှင့် ညှိနှိုင်းခြင်း၊ ချေးငွေထုတ်ယူ သုံးစွဲမှုအပေါ် စောင့်ကြည့်ကြပ်မတ်ခြင်း၊ အတိုး အရင်း ပေးဆပ်မှုများအတွက် ကြပ်မတ် ဆောင်ရွက်ခြင်းတွေကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီး လွှတ်တော်က ဆန္ဒမဲဖြင့် သဘောတူ အတည်ပြုခဲ့ခြင်း ဖြစ် သည်။(Xinhua)