Connect with us

Politics, Law & Military

နိုင်ငံဖြတ်ကျော်မှုခင်း အစည်းအဝေး၌ အတည်ပြုခြင်း လေးရပ်၊ ဆုံးဖြတ်ချက် နှစ်ရပ် ရရှိ

12th AMMTC ၏သဘာပတိ၊ ပြည်ထဲရေး ၀န်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ သတင်းထုတ်ပြန်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

(၁၂)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများ၏ ရလဒ်ကို ထိုအစည်းအဝေးများ ကျင်းပခဲ့သော နေပြည်တော် MICC II ၌ ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ပွဲ ကျင်းပခဲ့ရာ (၁၂)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်း အဝေး (AMMTC: _ ASEAN Ministerial Meeting on Transnational Crime) သည် အတည်ပြုခြင်း လေးရပ်နှင့် ဆုံးဖြတ်ချက် နှစ်ရပ် ရရှိခဲ့ကြောင်း ထိုအစည်းအဝေးများ၏ သဘာပတိ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ အတည်ပြုခြင်း လေးရပ်တွင် တတိယ နိုင်ငံများ ၌ရောက်ရှိနေသော အာဆီယံအဖွဲ့ဝင် နိုင်ငံသားများကို ၎င်းနိုင်ငံများရှိ အာဆီယံ အထူးအဖွဲ့များက ကောင်စစ်ရေးရာ အကူအညီပေးရေး၊ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် 13th AMMTC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရေး စသည့် အချက်များလည်းပါဝင်ခဲ့သည်။ အလားတူ AMMTC ၏ ဆက်စပ်အစည်းအဝေးဖြစ်သော 9th AMMTC + 3 တွင်လည်း အတည်ပြုခြင်း သုံးရပ်၊ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု၊ Cyber မှုခင်း နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစီမံချက်များအား ဆက်လက် အကောင်အထည်ဖော်သွားရန်၊ Cyber စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၉ တွင် 10th AMMTC + 3 အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပရန် စသည့် အတည်ပြုချက်များ ပါဝင်ကြောင်းနှင့် ယခု အစည်းအဝေး၏သဘာပတိ ထုတ်ပြန်ချက်၊ အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်များကို ASEAN Website နှင့် မြန်မာနိုင်ငံ၏ သတင်းဌာနများတွင် ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သဘာပတိ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့သည်။

12th AMMTC ၏ ရလဒ်များကို သတင်းထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

12th AMMTC ၏ ရလဒ်များကို သတင်းထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ သတင်းထုတ်ပြန်ပွဲသို့ သဘာပတိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင် သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့်အတူ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ် Mr. Lin Jock Hoi နှင့် ဒါရိုက်တာ Mr. Pratap Parameswaran တို့လည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.