Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လွှတ်တော်၌ အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို ယနေ့ ပြည်ထောင်စု လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြု လိုက်သည်။

အဆိုပါ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်ပါ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု တပ်မတော် တည်ထောင်ရေးနှင့် ပါဝင်သင့် ပါဝင် ထိုက်သူများ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးတွင် ပါဝင် နိုင်ရေး စသည် တို့ကိုသာ လွှတ်တော် ကိုယ်စားလှယ်များက အဓိက ဆွေးနွေးခဲ့ပြီး ယနေ့ ပြည်ထောင်စုက အတည်ပြုပေးလိုက်သည်။

“စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့မှ အစိုးရက ၁၅ ဖွဲ့ကို အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးရန် ဖိတ်ခေါ်ခဲ့ရာ ၈ ဖွဲ့သာ လက်မှတ် ရေးထိုးပြီး ၇ ဖွဲ့လက်မှတ် ရေးထိုးခြင်း မပြုသေးပါ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ ချုပ်ငြိမ်းအောင် ကြိုးပမ်းနိုင်ပါမှ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ဆွေးနွေးခဲ့သည်။

ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ကြား လက်မှတ် ရေးထိုးခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြု နိုင်ရန် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကိုယ်စားလှယ် ၁၅ ဦး ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆွေးနွေးရန် အမည်စာရင်း ပေးခဲ့ပြီး ၁၃ ဦးသာ ဆွေးနွေးခဲ့ရာ ယနေ့ ဆက်လက် ဆွေးနွေးပြီး အတည်ပြု လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.