Connect with us

Politics, Law & Military

တန်ဖိုးငွေကျပ် ၁၁,၂၅၈ သိန်းရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ လှိုင်မြစ်ကမ်းစပ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန် အနီး ဖမ်းဆည်းရမိသော စိတ်ကြွ ရူးဆေးပြားများအား တွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန် အနီး လှိုင်မြစ်ကမ်းစပ်မှ ကာလ တန်ဖိုးငွေကျပ် ၁၁,၂၅၈ သိန်းရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား နှစ်သိန်း နှစ်သောင်းကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၂း၄၅ နာရီတွင် အဆိုပါ မြို့နယ် ငွေပင်လယ် စက်မှုဇုန် ဆိပ်ကမ်းသာ လမ်းရှိ RINWA ကွန်ကရစ် ဖျော်စက်ရုံ မန်နေဂျာ ဦးဇော်မွန်ဦးသည် ၎င်း၏ ကွန်ကရစ်ဖျော် စက်ရုံ နောက်ကျော လှိုင်မြစ်ကမ်း စပ်တွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့သဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၄ဝ) ခေတ္တ တပ်ဖွဲ့ စုမှူးတို့က သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ အစိမ်းရောင်နှင့် အဖြူရောင် ဆာလာအိတ် နှစ်ထပ်အတွင်း အညိုရောင် မှိုင်းကိုင် စက္ကူများဖြင့် ပတ်ထုပ် ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝ,ဝဝဝ စီပါ အထုပ်၂ဝ၊ ပလတ်စတစ် အကြည်များဖြင့် ပတ်ထားသည့် ဆေးပြား ၁ဝ,ဝဝဝ စီပါ နှစ်ထုပ်၊ အညိုရောင် မှိုင်းကိုင် စက္ကူနှင့် ပလတ်စတစ် အကြည်များဖြင့် ပတ်ထုပ်ထားသည့် ဆေးပြား ၂,ဝဝဝ စီပါ နှစ်ထုပ်၊ အပြာရောင် ပလတ်စတစ် ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျက် ဆေးပြား ၂ဝဝ စီပါ ငါးထုပ်၊ ဆေးပြား ၁၆ဝ ပါ တစ်ထုပ်၊ စုစုပေါင်း စိတ်ကြွရူး သွပ်ဆေးပြား ၂၂၅,၁၆ဝ၊ ၂၂ .၅၁၆ ကီလို ဂရမ်ခန့်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၁,၂၅၈ သိန်းခန့် ကို ပိုင်ရှင်မဲ့ (စုံစမ်းဆဲ) ကို တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းမှ အမှု ဖွင့်လှစ်၍ တရားခံအား ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117