Connect with us

Politics, Law & Military

တနိုင်းမြို့တွင် ငွေကျပ် ၁,၀၈၉ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှစ်ဦးအားဘိန်းဖြူများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ငွေကျပ် ၁,၀၈၉ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဧပြီ ၉ ရက်နေ့ ၁၁း၀၀ နာရီ အချိန် တနိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနိုင်းမြို့၊ နန်ဖြူတံတားတွင် သံသရရှိဖွယ် မော်တော်ဆိုင်ကယ်ရောက်ရှိလာ၍ ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ စက္ကူကတ်ထူပုံးအတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၉၉ ခွက်(ဘိန်းဖြူ အလေးချိန် ၁ . ၀၈၉ ကီလို)ကိုလည်းကောင်း၊ ကွင်းဆက် အရ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်နေ ဘိန်းဖြူများ ပိုင်ရှင် မနန်းဝေစိန် သည် တနိုင်းမြို့၊ နန်ဖြူတံတားသို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာ၍ ရှာဖွေရာ ၎င်းထံမှ ငွေ ၁၁,၅၀၀ ကျပ် တို့ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ဒုန်ကမ်(၄၃)နှစ်နှင့် မနန်းဝေစိန် (၃၈)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.