Connect with us

Politics, Law & Military

၂၀၁၇ နှစ်ကုန်အထိ တရားဝင် ရွှေ့ပြောင်း လုပ်သား ၃ ဒသမ ၃ သန်းကျော်ရှိ

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် အဖွင့် အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံ အသီးသီးတွင် မြန်မာ နိုင်ငံသားများ တရားဝင် သွားရောက် လုပ်ကိုင်မှုသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ ၃ ဒသမ၃ သန်းကျော်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ယနေ့ ပြောခဲ့သည်။

“ထိုင်းနိုင်ငံသို့ ၃၀၁၉၂၁၁ ဦး၊ မလေးရှားသို့ ၃၁၅၉၁၄ ဦး၊ ကိုရီးယား သမ္မတနိုင်ငံသို့ ၃၅၂၁၀ ဦး၊ စင်္ကာပူသို့ ၃၁၉၈၈ ဦး၊ ဂျပန်နိုင်ငံသို့ ၈၄၇၃ ဦး၊ ယူအေအီး နိုင်ငံသို့ ၁၁၈၂ ဦး၊ ကာတာနိုင်ငံသို့ ၅၁၀ ဦးနဲ့ ဟောင်ကောင်နိုင်ငံသို့ ၁၇၄ ဦး စေလွှတ်ခဲ့ပါတယ်” ဟု နေပြည်တော် Hilton Hotel ၌ ယနေ့ ပြုလုပ်သည့် ရွှေ့ပြောင်း လုပ်သား ဆိုင်ရာ ပါဝင် ပတ်သက်သူများ အစည်းအဝေး (Labour Migration Stakeholders Meeting) တွင် ၎င်းက ပြောခဲ့သည်။

ILO (မြန်မာ) ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr. Rory Mungoven အမှာစကား ပြောကြားစဉ်။

“MoU စနစ်နဲ့ တရားဝင် သွားလုပ်တာက အလုပ်ရှင်ရော အလုပ်သမားအတွက်ပါပိုပြီး ခိုင်မာတယ်၊ အလုပ်ရှင်ကလည်း တာဝန်ယူရမယ်၊ ဒီစနစ်က အလုပ်သမား အေဂျင်စီတွေကိုရော ကြီးကြပ်နိုင်မယ်၊ ဒီစနစ်လောက်ခိုင်မာတာ မရှိဘူး၊ ဘယ်နေရာမှာ ဘယ်အလုပ်ကို လုပ်ခလစာ ဘယ်လောက်နဲ့ လုပ်မယ်၊ ဘယ်လို နေထိုင်စားသောက်ရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုက ဘယ်လို တာဝန်ယူ ပေးမယ် … .. အကုန်လုံးပါပြီးသား၊ ဒါတွေကို အလုပ်ရှင်က မလိုက်နာရင် သူ့အစိုးရက သူ့ကို အရေးယူလို့ရတယ်၊ ဒါကြောင့် ရွှေ့ပြောင်း လုပ်သား အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု အားကောင်းလာဖို့ ဆောင်ရွက်နေတာပါ” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ၅၁ ဒသမ ၄၉ သန်း ရှိသည့်အနက် ပြည်ပနိုင်ငံ အသီးသီးသို့ သွားလာ လုပ်ကိုင်ကြသူမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော် (ငါးသန်းကျော်ခန့်)ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အလုပ်သမားစေလွှတ်နိုင်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများကို ထိုင်းနိုင်ငံနှင့် ရေးထိုးခဲ့ပြီး ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ ကာတာနိုင်ငံ တို့နှင့် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ၂၀၁၇ ခုနှစ် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်များအပေါ် သုံးသပ် အကဲဖြတ်နိုင်စေရေး၊ ထိုလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသူ များ၏ အကြံပြုချက်များဖြင့် ၂၀၁၈ ခုနှစ် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်တွင် နည်းဗျူဟာ များနှင့် လုပ်ငန်း ဆောင်ရွက်မှုများ တိုးတက်လာစေရေးနှင့် ၂၀၁၈ ခုနှစ် လုပ်ငန်း စီမံချက်အား အတည်ပြုချက် ရယူနိုင်ရေးတို့အတွက် ယခု အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနနှင့် ILO တို့က သြစတေးလျ နိုင်ငံ DFTA, GAC, DIILM နှင့် LIFT တို့၏ အကူအညီဖြင့် ပြုလုပ်သော ယနေ့အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ILO (ရန်ကုန်)မှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နေ့လယ် ၂ း ၃၀ နာရီအထိ ကျင်းပခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.