Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စကာၤပူဝန်ကြီးချုပ်တို့တွေ့ဆုံ စဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လုံးတို့တွေ့ဆုံစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Lee Hsien Loong (မစ္စတာလီရှန်လုံး) အားသွားရောက်တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်မည့်အခြေအနေများ၊ အာဆီယံတည်ငြိမ်အေးချမ်းရေး၊ ကမ္ဘာ့တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ အားဆွေးနွေးခဲ့ကြကြောင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စရပ်များအပြင် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး လုပ်ဆောင်နေမှုများ၊ စင်ကာပူနိုင်ငံ၏ ပါလီမန်ဒီမိုကရေစီကျင့်သုံးမှုနှင့် မတူညီသော အခြေအနေများတွင် အများစုနှင့်အနည်းစု မဲခွဲဆုံးဖြတ်ရာတွင် တူညီသည့်အခွင့်အရေးရရှိအောင် လုပ်ဆောင်ထားသည့် အခြေအနေများ၊ တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက် တပ်မတော်၏ အဓိကကျသည့် ပါဝင်လုပ်ဆောင်မှု အခြေအနေများအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၅၀ ရှိခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့်လည်း မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းများဖြစ်ကြသည်ကို ခိုင်မြဲနေသည့် နှစ်နိုင်ငံဆက်ဆံရေးက သက်သေပြနေပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ ယင်းဆက်ဆံရေးများသည် မိမိနိုင်ငံပြုပြင်ပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်စေခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း မိမိနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် နားလည်မှုများ၊ ပြုပြင်ပြောင်းလဲလာမှုများ ရှိခဲ့ကြောင်း၊ တပ်မတော် အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအပြင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မာမာရှိစေရေး၊ တိုင်းပြည်တိုးတက်ရေးတို့တွင် အကောင်းဆုံးပါဝင်ကြိုးပမ်း လုပ်ဆောင်နေကြောင်း We all are Myanmar ဆိုသည့်စိတ်ထား၍ လူတိုင်း၏ခံယူချက်များ ကောင်းမွန်ရန်လည်းလိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
စင်ကာပူဝန်ကြီးချုပ်က နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ တိုင်ခဲ့ပြီး စင်ကာပူနိုင်ငံအနေဖြင့် မိတ်ဆွေကောင်းအဖြစ် ဆက်လက်ကြိုးစားနေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် အဆင့်ဆင့်ကြိုးပမ်းခဲ့ပြီး ချောမွေ့လွယ်ကူမှု မရှိသည်ကို သိရှိပါကြောင်း၊ လက်ရှိ ရည်မှန်းချက်တစ်ခုကို ရောက်ရှိနေပြီဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် တိုင်းပြည်တည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးလုပ်ငန်းများ ကျန်ရှိနေသေးကြောင်း စင်ကာပူနိုင်ငံအနေဖြင့် ကူညီနိုင်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်၍ အာဆီယံအတွင်း အတူတကွ ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်းပြောကြား၍ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နှစ်နိုင်ငံအစိုးရချင်း၊ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့မှုအခြေအနေများကို ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.