Connect with us

Politics, Law & Military

တပ်မတော်အတွင်း အရွယ်မရောက် သေးသူကလေး သူငယ် ၄၆ ဦးအား မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်

တပ်မတော်အတွင်း အရွယ် မရောက်သေးသူ ကလေးသူငယ် များကို စိစစ် ဖော်ထုတ်၍ မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) နှင့် မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေး နှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ်မရောက် သေးသူကလေး သူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အလိုက် အသေးစိတ် စိစစ်၍ နုတ်ထွက်ခွင့်ပြု လျက်ရှိရာ ၄၆ ဦးထပ်မံ စိစစ်တွေ့ရှိ ရသဖြင့် ၎င်းတို့၏ မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်း တွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ် နှင့် ၁ဝ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသား စိစစ်ရေးကတ်ပြား များကို တာဝန်ရှိသူ တို့ကပေးအပ်ခဲ့ပြီး ကလေးများအား မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနား ပြီးနောက် ကလေးများ နှင့် မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစု စောင့်ရှောက်ရေး စခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ် မရရှိသေးပါက ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှု ရှိ/မရှိ စစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှု ခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင် ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်း နှင့် လက်ငင်း အသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ် စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ထိုကဲ့သို့ တပ်မတော်အတွင်း အရွယ် မရောက်သေးသူ ကလေးသူငယ် များကို စိစစ် ဖော်ထုတ်၍ မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရာ ယခုအကြိမ် အပါအဝင် စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ခဲ့ကာ ကလေးသူငယ် စုစုပေါင်း ၇၄၄ ဦးကို လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အရွယ်မရောက် သေးသူ ကလေးသူငယ် စစ်သည်များ တပ်မတော် အတွင်း၌ လုံးဝမကျန်ရှိ စေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အရွယ်မရောက် သေးသူ ကလေးသူငယ် များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်း အမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့ သူများရှိပါ ကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ တာဝန်ရှိသူ အရာရှိ ၇၃ ဦးနှင့် စစ်သည် ၃ဝ၉ ဦး၊ စုစုပေါင်း ၃၈၂ ဦးကိုလည်း စစ်စည်းကမ်း နှင့် အညီ အရေးယူ ခဲ့ကြောင်း သတင်း ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.