Connect with us

Politics, Law & Military

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လုပ်ငန်းလိုင်စင်လျှောက် ထားသူများအနေဖြင့် အီးမေးလ်လိပ်စာ မဖြစ်မနေထည့်သွင်းရမည်

ရန်ကုန်မြို့တော်ခန်းမ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ် ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လုပ်ငန်းလိုင်စင်လျှောက်ထားသူများအနေဖြင့် ငွေပေးသွင်းခြင်းကို နီးစပ်ရာဘဏ်များ၌ ဆောင်ရွက်နိုင်ရန် အီးမေးလ်လိပ်စာကို မဖြစ်မနေ ထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းလိုင်စင်များကို ပိုမိုလျင်မြန်စေရေးအတွက် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားမှုများကို ခွင့်ပြုပေးခဲ့ကြောင်း၊ယခုအခါ ငွေပေးချေမှုကို အလွယ်တကူဆောင်ရွက်နိုင်ရန် အီးမေးလ်လိပ်စာကိုပါ ထည့်သွင်းခိုင်းခြင်းဖြစ်ကြောင်း၊အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားရာတွင် အိမ်ခြံဂရန် လျှောက်ထားခြင်းများ နှင့် အဆောက်အအုံကိစ္စရပ်များကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခု အီးမေးလ်ဖြင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် ငွေပေးသွင်းရာတွင် ယခင်ကထက် ပိုမိုလျင်မြန်စေမည်
ဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ငန်း လိုင်စင်များလျှောက်ထားရာတွင် ငွေပေးသွင်းမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဘဏ် နှင့် ဧရာဝတီဘဏ် တို့၌ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လျှောက်ထားမှုများကို လက်ခံပေးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်များ ချထားပေးရာတွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးပြီး ကိုက်ညီမှုရှိသော လျှောက်လွှာများကို လက်ခံခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ယခင်က လုပ်ငန်းလိုင်စင်များ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်လျှောက်ထားရခြင်းကြောင့် အချိန်ကြန့်ကြာမှုရှိခဲ့ပြီး ယခုအခါ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းကြောင့် လျှောက်ထားသူများသည် အီးမေးလ်လိပ်စာ လိုအပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းမှတစ်ဆင့် လိုင်စင်များလျှောက်ထားရာတွင် လုပ်ငန်းလိုင်စင်များ၊အစားအသောက်လိုင်စင်များ၊ တည်းခိုခန်းလိုင်စင်များ၊ ဘော်ဒါဆောင်လိုင်စင်များ၊ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင်များနှင့် ယာယီဇာတ်ရုံပါမစ်များကို လျှောက်ထားနိုင်ပြီး လိုင်စင်အဟောင်း နှင့် ပတ်သက်သောကိစ္စရပ်များနှင့် သီးခြားကြော်ငြာဆိုင်းဘုတ်လျှောက်လွှာများကိုလည်း လျှောက်ထားနိုင်ကြောင်း မြဝတီသတင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.