Connect with us

Politics, Law & Military

တာချီလိတ်ဘက်မှ မဲခေါင်မြစ်ကြောင်းအနီး ဝမ်ပုံဆိပ်ကမ်းဘက်သို့ သွားရောက်မည့် မော်တော်ယာဉ်မှ ကျပ်သန်းပေါင်း (၁၅,၇၅၀)သန်းခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဖမ်းဆီးရမိသူ နှစ်ဦးအားတွေ့ရစဉ်( ဓာတ်ပုံ-- တာချီလိတ်မူးယစ်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်း တွင် တာချီလိတ်ဘက်မှ မဲခေါင်မြစ်ကြောင်းအနီး ဝမ်ပုံဆိပ်ကမ်းဘက်သို့ သွားရောက်မည့် MDY 6G——- နံပါတ်ပါ SKAT (၆)ဘီးအမျိုးအစား သဲကျောက်များတင်ဆောင်ထားသည့် အပြာရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ကာလတန်ဖိုး ကျပ်သန်းပေါင်း (၁၅,၇၅၀)သန်းခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သိမ်းဆည်းရမိကြောင်း တာချီလိတ်မူးယစ်အဖွဲ့မှ သတင်းထုတ်ပြန်သည်။

၂၃-၂-၂၀၁၆ ရက်နေ့ ၁၀၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ တပ်ဖွဲ့ဝင် များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လဝကမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်း တွင် တာချီလိတ်ဘက်မှ မဲခေါင်မြစ်ကြောင်းအနီး ဝမ်ပုံဆိပ်ကမ်းဘက်သို့ သွားရောက်မည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ မော်တော်ယာဉ်နောက်ခန်းတွင် တင်ဆောင်ထားသည့် သဲကျောက်များအောက်ရှိ ကြမ်းခင်း(၂)ထပ် အံဝှက်အတွင်းမှ အစိမ်းရောင် ကျောပိုးအိတ်(၁)လုံးလျှင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၈၀,၀၀၀)ပြားစီပါရှိသည့် ကျောပိုးအိတ် (၃၅)လုံး၊ စုစုပေါင်း (၆၃၀,၀၀၀၀)ပြား၊ အလေးချိန် (၆၃၀)ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သန်းပေါင်း (၁၅,၇၅၀)သန်းခန့်နှင့် လက်ကိုင်ဖုန်း (၅)လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ဝမ်တုံကျေးရွာရှိ အိုက်ဟိုပိန်း နှင့် ဒေါ်နန်းပေါက် တို့၏ နေအိမ်မှ ပြောင်းချောလုပ်သေနတ် (၁)လက်၊ ၎င်းကျည် (၃၂)တောင့် တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အိုက်ကျွမ် (၂၄)နှစ်၊ အိုက်ကစ် (၂၀)နှစ်၊ တိမ်းရှောင်တရားခံ အိုက်ဆု(ခ)အိုက်ကျိုင်း၊ အိုက်ဟိုပိန်း နှင့် ဒေါ်နန်းပေါက် (၅)ဦးတို့အား ဝမ်ပုံနယ်မြေရဲစခန်း မယ(ပ)၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများ အား ပူးပေါင်းအဖွဲ့များနှင့်အတူ ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.