Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြုကြရန် အထူးအရေးကြီးဟု နိုင်ငံတော် သမ္မတဆို

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက သ၀ဏ်လွှာအား ဖတ်ကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၄ရက်(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြု ကြရန်အထူးအရေးကြီးဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသိုပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

ယနေ့ဆိုလျှင် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၆၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြားအကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများပေါ်ပေါက်ခဲ့ရသည့်အတွက် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင်နည်းလမ်းသည် ခေတ်အဆက်ဆက်နိုင်ငံရေးပြဿသနာများကို ဖြေရှင်းနိုင်ခြင်း အလျဉ်းမရှိဘဲလက်နက်ကိုင်ပဋိပက္ခကိုရှည်ကြာစေခဲ့ကာ လက်နက်ကိုင်ပဋိပက္ခနှင့်ဆက်စပ်လျက် ဖွံ့ဖြိုးမှုများလည်း နောက်ကျကျန်ရစ်ခဲ့ရသည်ကို ဆယ်စုနှစ်များစွာ အထင်အရှားတွေ့မြင်ခဲ့ကြကြောင်း သမ္မတက ဆိုသည်။

နေပြည်တော်၌ ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

နေပြည်တော်၌ ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် တွေ့ဆုံညှိနှိုင်းမှုများမှရရှိလာမည့် ဆုံးဖြတ်ချက်များနှင့်အညီ ဘုံသဘောတူညီချက်တစ်ခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံးစုစည်းထိန်းသိမ်းကာကွယ်ရေး၊ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊နိုင်ငံတော်၏စီးပွားရေးမူဝါဒမျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဘက်ညီမျှတစွာဖွံ့ဖြိုးတိုးတက်လာစေမည့် စီးပွားရေးအခြေအနေကောင်းများရရှိရန် ကြိုးပမ်းဆောင်ရွက်ရေးဟူသော(၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကိုအလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံးဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် နိုင်ငံတော် သမ္မတက တိုက်တွန်းနှိုးဆော်ထားသည်နေပြည်တော်၌ ယနေ့ကျင်းပသော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပေးပို့သောသဝဏ်လွှာကို ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့သည်။(Xinhua)