Connect with us

Politics, Law & Military

အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်သော လွှတ်တော်ဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

နေပြည်တော် လွှတ်တော်အဆောက်အအုံအတွင်းရှိ တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြည်တွင်းပြည်ပ မီဒီယာများ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်သည် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်သော လွှတ်တော်ဖြစ်ရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်တွင်း ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နေပြည်တော် လွှတ်တော်အဆောက်အအုံ အတွင်းရှိ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်းတွင် ပြည်တွင်းပြည်ပ မီဒီယာများ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ နှင့် ဒုတိယ ဥက္ကဋ္ဌများ ရွေးချယ်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်ရန် တိုင်းရင်းသားများကိုပါ ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အဖြစ် ရွေးချယ်ရခြင်းသည် အဖွဲ့ချုပ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွှတ်တော်တွင်း လုပ်ငန်းများ ကျွမ်းကျင်မှုကြောင့် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်းဖြစ် တိုင်းရင်းသားလည်းဖြစ်ပြီး ယခင် လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဖြစ်ကာ စီမံခန့်ခွဲမှုကောင်းသည့် ဦးတီခွန်မြတ် ကိုရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကိုရွေးချယ်ရာတွင် အဖွဲ့ချုပ်အပေါ်သစ္စာရှိပြီး ယုံကြည်ရကာ ဥပဒေသမားဖြစ်၍ လည်းကောင်း၊ ဦးအေးသာအောင်ကို ၁၉၉၀ မတိုင်ခင် NLD ပါတီ ကျဉ်းထဲကျပ်ထဲရောက်စဉ်အချိန်ကတည်းက လက်တွဲလာသော မဟာမိတ်ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းမည့် သမ္မတလောင်း စာရင်း နှင့် အစိုးရအဖွဲ့စာရင်းများကို အချိန်တန်လျှင် ထုတ်ပြောမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လွှတ်တော်များအတွင်း သတင်းမီဒီယာများ သတင်းရယူမှုအတွက်လည်း ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.