Connect with us

Politics, Law & Military

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရွာသာကြီးရပ်ကွက်၊ သုံးခွရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်များတွင် ဂရန်များချပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရွာသာကြီးရပ်ကွက်၊ သုံးခွရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်များတွင် ဂရန်များချပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းခဲ့သည်။

၎င်းမေးခွန်းနှင့်ပတ်သက်၍ မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ဧရိယာအတွင်း ပါဝင်သော ကျေးရွာများအား မြို့ပြရပ်ကွက် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကျေးရွာတွင် ဖွဲ့စည်းထားသော ကော်မတီအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှတစ်ဆင့် တင်ပြလျှောက်ထား သွားရန် လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုခွင့်ပြုချက်ရရှိပြီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ကွက်ဖော်ဆောင်ရေးနှင့် မြေချပါမစ်/မြေငှားစာချုပ် (ဂရန်) ခွင့်ပြုဆောင်ရွက်ခြင်းများကို မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုခွင့်ပြုချက်ဖြင့် ကျေးရွာမြေငှားစာချုပ် (ဂရန်) ထုတ်ပေးရေးကော်မတီအား ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီတွင် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ရပ်မိရပ်ဖတို့ စနစ်တကျပါဝင်ရမည်ဖြစ်ကြောင်း၊ ယင်းကော်မတီမှ လက်ရှိမြေပြင်တည်ရှိမှု အခြေအနေငယ် စာရင်းအားယူခြင်း၊ နယ်နိမိတ်ဧရိယာ တိုင်းတာသတ်မှတ်ခြင်း၊ မြို့ပြအင်္ဂါရပ်နှင့်အညီလမ်း၊ ဘေးလမ်းကြား၊ နောက်ဖေးလမ်းကြား၊ ရေနှုတ်မြောင်း၊ မြို့ကွက်ကျမြေပုံရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ရွာသာကြီး၊ သုံးခွ၊ လေးထောင့်ကန် ကျေးရွာများ အနေဖြင့်လည်း မြို့ပြရပ်ကွက်အဆင့်သို့ တိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ အထက်ဖော်ပြပါ စီမံချက် လုပ်ထုံးလုပ်နည်း များအတိုင်း အဆိုပြုတင်ပြ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ကော်မတီမှ YCDC သို့ရောက်လာလျင် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတင်ပြပြီး မြို့ကွက်ကျမြေပုံဆွဲပြီး မြေငှားဂရန်ချပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.