Connect with us

Politics, Law & Military

မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက် သိမ်းဆည်းရမိမှု

မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက်သိမ်းဆည်းရမိစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မေလ ၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် မဟာအောင်မြေမြို့နယ် Mr.BBQ စားသောက်ဆိုင်၌ ငွေစက္ကူအတုများ လဲလှယ်နေကြောင်းသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ စိုးလင်း(၄၀)နှစ်ပါ ၂ ဦးအား ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက်(ကျပ် ၃၀ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါစိုးလင်းပါ ၂ ဦးအား စစ်မေးရာ ၎င်းတို့၏ထွက်ဆိုချက်အရ ၂၀း၂၀နာရီ အချိန်တွင် ကွင်းဆက်တရားခံဖြစ်သော အောင်ဆန်းဝင်း(၄၀)နှစ် အား ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၂၃၅၅ အချိန်တွင် စိုးလင်းပါ ၃ ဦး (ဖမ်းမိ)တို့အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၃၁၄/၂၀၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါငွေစက္ကူအမျိုးအစားများအား မှုခင်းရဲတပ်ဖွဲ့၏ ပဏာမ စိစစ်ချက်အရ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက်အလျားနှင့်အနံ ၁ မီလီမီတာစီတို ခြင်း၊ အရောင်တောက်ပမှုမရှိခြင်း၊ တန်ဖိုးရေစာများပုံရိပ်သာပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့်တုပထားခြင်း၊ လျှို့ဝှက်ချက်များမပါရှိခြင်း၊ စသည့်ကွဲပြားမှုများရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.