Connect with us

Politics, Law & Military

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် အစည်းအဝေးတွင် ဥပဒေကြမ်း(၁၆) ခု ဆွေးနွေးရန်ရှိ

ပြည်သူ ့ လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ယနေ ့ စတင်သည့် ဒုတိယ အကြိမ် ပြည်သူ ့ လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန် အစည်းအေ၀း အတွင်း  ဥပဒေကြမ်း ၁၆ ခုတို ့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က အစည်းအေ၀း ပထမနေ ့တွင် ပြောကြားခဲ့သည်။

“ဆွေးနွေးကြရမယ့် ဥပဒေကြမ်း ၁၆ ခု ရှိပါတယ်၊ အဆိုများအနေနဲ့ (၁၃ )ကြိမ်မြောက် ပုံမှန် အစည်း အဝေး ကာလအတွင်းမှာတင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန် အဆိုတစ်ခု အပါအဝင် အသင့်ဖြစ် အဆို ငါးခုရှိပါတယ်၊ အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း ၁၆၅ ခု ရှိပါတယ်၊ ကိုယ်စားလှယ်များရဲ့ အခွင့် အရေး များ ပိုမိုရရှိစေရန်အတွက် ယခင်အကြိမ်များက ကျန်ရှိတဲ့ ကြယ်ပွင့်ပြမေးခွန်း ၁၀၈ ခုကို (၁၄)ကြိမ် မြောက် ပုံမှန်အစည်းအဝေး သို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါတယ်” ဟုလည်း လွှတ်တော် ဥက္ကဌက ပြောခဲ့သည်။

ထို ့အပြင် ၎င်းက လွှတ်တော်များ ခိုင်မာ အားကောင်းပြီး ပြည်သူက ပိုမိုအားကိုးလာ ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် များ၏ အခန်းကဏ္ဍနှင့် ဥပဒေပြုရေး တာဝန်များကို ကျွမ်းကျင် ပိုင်နိုင်စွာ ထမ်းဆောင်ကြရန် အထူးလိုအပ်ကြောင်း၊ မိမိတို့သည် ပြည်သူကို ကိုယ်စားပြုထားသူများ ဖြစ်ပြီး တာဝန်ယူထားရသော လွှတ်တော်လုပ်ငန်းစဉ်များကို ဒီမိုကရေစီ စံချိန်စံညွှန်းများ နှင့်အညီ ကျင့်သုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ တို ့ကို စိစစ် ထိန်းညှိပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်း သွားရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး ချစ်ကြည် ရင်းနှီး စွာဖြင့် မိမိတို့နိ်ုင်ငံမှာ ဒီမိုကရေစီ စနစ်ခိုင်ရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရန်အတူ တကွလက်တွဲ ဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း၊ ထို ့ကြောင့် ပြည်သူ့ အကျိုး နိုင်ငံ့အကျိုးကို ဖြူစင်သော စေတနာ မှန်ကန်တဲ့ ဆောင်ရွက်ချက်များဖြင့် စည်းစည်းလုံးလုံး လက်တွဲညီညီ ဆောင်ရွက် ကြရန်တိုက်တွန်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်ဆက်သလိုက်ပါ ကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.