Connect with us

Politics, Law & Military

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်ရေးအတွက် သမ္မတ နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ပူပေါင်းဆောင်ရွက်နေဟုဆို

လွှတ်တော်အခွင့်အရေးကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး မီဒီယာများသို ့ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

နို၀င်ဘာ ၃ ရက်က ပလက်၀နှင့် ကျောက်တော်အကြားတွင် ဖမ်းဆီးခြင်း ခံခဲ့ရသော ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးေ၀ှ ့တင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်း၍ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက် သွားမည်ဟု ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို ့နယ် ပြည်သူ ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ယနေ ့ ပြောကြားခဲ့့သည်။

“လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ဒါက လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ကိုယ်စားလှယ်တစ်ယောက် ပျောက်ဆုံးသွားတယ် ဆိုတာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိပါးတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံတော် သမ္မတ တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်စရာရှိတာ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်’ ဟု နိုဝင်ဘာ ၄ ရက်တွင်ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မီဒီယာများကို ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပျောက်ဆုံးနေသည်ကိုသာ သိရပြီး မိမိတို ့ NLD ပါတီအနေဖြင့်လည်း အတည်ပြုထားပြီးဖြစ်ကြောင်း၊  ဆောင်ရွက်သင့်သည်များကို လုံခြုံရေး အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း ဆေင်ရွက်သွားမည် ဖြစ်ကြောင်း၊  ပြည်သူလူထုကို ကိုယ်စားပြု ထားသည့် ကိုယ်စားလှယ်တစ်ယောက် ယခုကဲ့သို ့ပျောက်ဆုံးသွားခြင်းမှာ လွှတ်တော်အတွက် ပထမဦးဆုံး အကြိမ် ဖြစ်ကြောင်း၊ ပါတီအနေနှင့်လည်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊  ပါတီဘက်ကတော့ ပြည်သူကို ကိုယ်စားပြု သော ကိုယ်စားလှယ်တစ်ယောက် ဘေးဒုက္ခရောက်နေခြင်းမှာ သူကိုယ်စားပြုသော ပြည်သူ များ အတွက်လည်း စိုးရိမ်စရာဖြစ်သကဲ့သို ့ကိုယ်စားလှယ်တစ်ယောက်အနေနှင့် ယခုကဲ့သို ့ အကြောင်း မရှိဘဲ ပျောက်ဆုံးနေခြင်းဟာလည်း ဒါစိုးရိမ်စရာတစ်ခုကြောင်း၊ အချိန်နဲ့တပြေးညီ စုံစမ်း ဆောင်ရွက်ဖွယ်ရှိသည်များကို  ဆောင်ရွက်နေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးကို လွှတ်တော်က တရားဝင် ပေးပြီးသားဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ( ၇) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က “ပြည်သူ့ ကိုယ်စား ဆောင်ရွက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို တစ်ဦးနဲ ့ တစ်ဦး ရင်ထဲမှာ ရှိတဲ့ အာဃာတ တွေကြောင့် ဖမ်းဆီး တာမျိုးက မဖြစ်သင့်ဘူး ထင်ပါတယ်၊ တိုင်းရင်းသား အချင်းချင်း တွေကြားထဲမှာလည်း ဒါကတော့ မဖြစ်သင့်ဘူးလို ့ မြင်ပါတယ်၊ ကိုယ်စားလှယ်ဆိုတာ ကိုယ့်ဒေသ ဖွံ ့ဖြိုးရေး၊ ကိုယ့်ပြည်သူတွေ အကျိုးအတွက် လုပ်နေကြရသူတွေပါ” ဟု မီဒီယာသို ့ ဖြေကြားခဲ့သည်။အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးေ၀ှ ့တင်းသည် ကုလားတန် စီမံကိန်း၏  ဇိုရမ်ပွီလမ်းပိုင်း တာ၀န်ရှိ အိန္ဒိယနိုင်ငံသား လေးဦး၊ စကားပြန် နှစ်ဦး၊ အမြန်ရေယာဉ်မောင်း နှစ်ဦးတို ့နှင့် အတူ နို၀င်ဘာ ၃ ရက်တွင် ပလက်၀မှ ကျောက်တော်သို ့ အသွားလမ်း၌ AA အဖွဲ ့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ကျန်ကိုးဦးတို ့ကို ပြန်လွှတ်ခဲ့သော်လည်း ဦးေ၀ှ ့တင်းအား ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရ သည်။(Xinhua)