Connect with us

Politics, Law & Military

မူဆယ်မြို့နယ်တွင် ငွေကျပ် ၇,၂၉၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရရှိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ငွေကျပ် ၇,၂၉၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရရှိခဲ့ကြောင်း ပြန်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လမ်းပေါ်ရှိ မော်တော်ယာဉ်ပေါ်ကို စစ်ဆေးရာ အီသိုင်းအီသာ အရည် ၅၀ ဂါလံစီပါ သံပီပါ၅၀ လုံးအတွင်းမှ အီသိုင်းအီသာ ၁၀,၀၀၀ လီတာ၊ကဖင်း ၂၀ ကီလို စီပါ ဆာလာအိတ် ၇၀ အိတ်အတွင်းမှ ကဖင်း ၁,၄၀၀ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ထပ်မံ ယာဉ်မောင်း ဝေဖြိုးကျော်နှင့် ယာဉ်နောက်လိုက် သန်းဝင်းထွန်း တို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်ရှိ အီသိုင်းအီသာအရည် ၅၀ ဂါလံစီပါ သံပီပါ ၅၅ လုံးအတွင်းမှ အီသိုင်းအီသာ ၁၁,၀၀၀ လီတာ၊ဟိုက်ဒရိုကလိုရစ်အက်စစ် အရည် ၂၀၀ လီတာစီပါ ပလပ်စတစ်ပီပါ၅ လုံး အတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် ၁,၀၀၀ လီတာ၊ ကဖင်း ၂၀ ကီလိုစီပါ ဆာလာအိတ် ၃၅ အိတ် အတွင်းမှ ကဖင်း ၇၀၀ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ယာဉ်မောင်း သီဟ နှင့် ယာဉ်နောက်လိုက် အောင်သိုက် တို့လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်ရှိ အီသိုင်းအီသာအရည် ၂၀၀ လီတာစီပါ သံပီပါ၂၀ လုံးအတွင်းမှ အီသိုင်းအီသာ ၄,၀၀၀ လီတာ၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် ၂၀၀ လီတာခန့်စီပါ ပလတ်စတစ်ပီပါ၄၅ ပီပါအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် ၉,၀၀၀ လီတာနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ သြဂုတ် ၃၀ ရက်နေ့ ၁၅၀၀ အချိန် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဖူလီလိုက် လမ်းကြားရှိ နိုင်ဇော်ဦး၏ နေအိမ်ကိုရှာဖွေရာ နိုင်ဇော်ဦးအား နေအိမ်တွင်မတွေ့ရှိရဘဲ နေအိမ်မှ ISUZU BIGHORN မော်တော်ယာဉ် တစ်စီးကိုသိမ်းဆည်း၍လည်းကောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းများကို သယ်ဆောင်ရာ၌ မော်တော်ယာဉ်လမ်းကြောင်းနှင့်ပတ်သက်ပြီး ရှေ့ပြေးဆောင်ရွက်ကြသည့် အောင်ကိုလင်း နှင့် နန်းဝင်း တို့အား နမ့်ပေါ်တံတားအနီး၌ မော်တော်ဆိုင်ကယ်နှင့်အတူဖမ်းဆီး၍လည်းကောင်း၊ ကွင်းဆက်အရ သြဂုတ် ၃၀ ရက်နေ့ ၁၆၀၀ အချိန် မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ၏အနောက်ဖက်ရှိ ကားဝင်း အတွင်း၌ မော်တော်ယာဉ် ၃ စီးကို တွေ့ရှိရပြီး ယာဉ်မောင်းအကူ ကျော်စွာဝင်း၏ NissanUD (၁၂)ဘီး ယာဉ်ပေါ်ရှိ ဟိုက်ဒရိုကလိုရစ်အက်စစ်အရည် ၂၀၀ လီတာခန့်စီပါ ပလတ်စတစ်ပီပါ ၅၅ လုံးအတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် ၁၁,၀၀၀ လီတာကို လည်းကောင်း၊ ယာဉ်နောက်လိုက် အိုက်ခေး၏ Nissan UD(၁၂)ဘီးယာဉ်ပေါ်ရှိ ဟိုက်ဒရိုကလိုရစ် အက်စစ်အရည် ၂၀၀ လီတာခန့်စီပါ ပလတ်စတစ် ပီပါ ၂၀ လုံး အတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် ၄,၀၀၀ လီတာ၊ အက်စီတုံးအရည် ၂၀၀ လီတာခန့်စီပါ ပလတ်စတစ်ပီပါ ၃၅ လုံးအတွင်းမှ အက်စီတုံး ၇,၀၀၀ လီတာနှင့် လက်ကိုင် ဖုန်းတစ်လုံးကိုလည်းကောင်း၊ ယာဉ်နောက်လိုက် ရန်နိုင်ဝင်း၏ Nissan UD (၁၂)ဘီးယာဉ်ပေါ်ရှိ ဟိုက်ဒရိုကလိုရစ်အက်စစ် အရည် ၂၀၀ လီတာခန့်စီပါ ပလတ်စတစ် ပီပါ ၅ လုံး အတွင်းမှ ဟိုက်ဒရိုကလိုရစ်အက်စစ် ၁,၀၀၀ လီတာ၊ အက်စီတုံးအရည် ၂၀၀ လီတာခန့်စီပါ ပလတ်စတစ် ပီပါ ၅၀ လုံးအတွင်းမှ အက်စီတုံး ၁၀,၀၀၀ လီတာနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်း ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အတူဖမ်းဆီးရမိသော တရားခံများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.