Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ

ဝ အဖွဲ့၏ ပြင်ပ ဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော်အမ်းက သတင်းထောက်များအား ပြောကြားနေစဥ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ယနေ့မေ ၂၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့မှုများ အပေါ် ၀ အဖွဲ့၏ ပြင်ပ ဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော်အမ်းက ဆွေးနွေးမှုများ မရှိဘဲ တစ်ဦး နှင့် တစ်ဦး မိသားစု ကဲ့သို့ပို၍ ရင်းနှီးအောင် သွားတွေ့ခဲ့ခြင်း ဖြစ်ကြောင်း ၊ နောက်ပိုင်းတွင်ဆက်သွယ်ချိတ်ဆက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး အတွက် အားလုံး ကြိုးပမ်း ဆောင်ရွက်မည် ဆိုပါက တစ်ရက်ရက်တွင် ငြိမ်းချမ်းလာမည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း ၊ တပ်မတော် နှင့် ၀ (UWSA)ဆက်ဆံရေး အဆင်ပြေပါကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

TNLA အထွေထွေ အတွင်းရေးမှုး(၂) တာပန်လှ က သတင်းထောက်များအား ပြောကြားနေစဥ ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တွေ့ဆုံခဲ့ပြီး ပြန်လည် ထွက်ခွာလာသည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တွေ့ဆုံခဲ့ပြီး ပြန်လည် ထွက်ခွာလာသည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တွေ့ဆုံခဲ့ပြီး ပြန်လည် ထွက်ခွာလာသည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ TNLA မှ အထွေထွေ အတွင်းရေးမှူး(၂) တာပန်လှ က ယခု တွေ့ဆုံမှုမှာ ရင်းနှီးမှု တည်ဆောက် သည့် အနေအထား ဖြစ်ကြောင်း ၊ ရှေ့ဆက်ပြီး ဆက်လက် ဆွေးနွေးနိုင်ရန် ဆွေးနွေးခဲ့ခြင်းများ ရှိကြောင်း ၊ ယခု နေပြည်တော်သို့လာရောက်သည့် ခရီးစဉ်သည် အကျိုးရှိကြောင်း ၊ ယခု ရောက်ရှိလာခြင်းသည် ဖြစ်ပွားနေသည့် တိုက်ပွဲများအား ရပ်ဆိုင်းနိုင်ရန် မိမိတို့ဘက်မှ ယုံယုံကြည်ကြည်ဖြင့် စတင် ခြေလှမ်း လှမ်းခြင်း ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ဆက်လက် ညှိနှိုင်း ဆွေးနွေးနိုင်ရန် မေတ္တာရပ်ခံထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မေ ၂၆ ရက် နေ့လည်ပိုင်းတွင် KIO ဒုတိယ ဥက္ကဋ္ဌ အင်ဘန်လ နှင့် ဇနီး အား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်ပြီး ၀ ၊ မိုင်းလား ၊ KIO/KIA ၊ SSPP နှင့် တွေ့ဆုံခဲ့ပြီးနောက် AA ၊ TNLA ၊ MNDAA တို့နှင့် တွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.