Connect with us

Politics, Law & Military

အချုပ်အခြာအာဏာကို လေးစားပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီး


နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားပြီး အပြုသဘော ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးသည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်ငံတော်အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့နံနက် သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က နိုင်ငံတကာက အပြုသဘော ပူးပေါင်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားပြီးတော့ အပြုသဘော ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက်ပိုင်းပြုလုပ်ခဲ့သည့် ၂၁ ပင်လုံညီလာခံ ဒုတိယ အစည်းအဝေး စတုတ္ထနေ့ မနက်ပိုင်း သတင်းစာ ရှင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ညီလာခံ စတုတ္ထနေ့နံနက် သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ညီလာခံ စတုတ္ထနေ့နံနက် သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မြောက်ပိုင်း အဖွဲ့ခုနစ်ဖွဲ့တို့က NCA ပြင်ပေးမှ လက်မှတ်ထိုးမည်ဟု ပြောဆိုနေခြင်းအပေါ် ၎င်းက “NCA သည် Joint Ownership ဖြစ်တယ် အစိုးရနဲ့ တပ်မတော် နှစ်ခုတည်းက ပိုင်ဆိုင်တဲ့ ဟာ မဟုတ်ဘူး ဒါက ၁၇ လ ကြာ အကြိတ်အနှယ် ဆွေးနွေး ခဲ့တာ။ ဒီလို ဆွေးနွေးလို့ပေါ်လာတဲ့ စာသား တွေပေါ့၊ အဲ့ ဒီအပေါ်မှာ ကျွန်တော် တို့ က NCA ပြင်ဆင်ခြင်း ဆိုတာ မပါဘူး၊ Frame work ကို လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ Frame work ပြင်ဆင်ခြင်းပဲ ပါတယ်၊ NCA ကတော့ ပြင်လို့ မရဘူး ၊ အခု ကျွန်တော်တို့ DPI နဲ့ ဆွေးနွေးနေတာက ဘာလဲ ဆိုတော့ NCA ကိုပြင်လို့ မရဘူး၊ ပြင်လို့မရတဲ့ အတွက် သူတို့ရဲ့ စိုးရိမ်ချက်တွေကို ကျွန်တော်တို့ ဘယ်လို လုပ်မလဲ ဆိုတာ နှစ်ဦး နှစ်ဘက်ကြားမှာ အဲ့ဒီ ပဋိဉာဏ် ရအောင် ညှိနေရတာပါ” ဟုလည်း ရှင်းပြခဲ့သည်။

ညီလာခံ တတိယနေ့ဖြစ်သည့် မေ ၂၆ ရက်တွင် နိုင်ငံရေး စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့် သယံဇာတ ဟူသည့် ကဏ္ဍအလိုက် အစုအဖွဲ့အလိုက် ညီလာခံ အစည်းအဝေးများ ပြီးစီးခဲ့ကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးမှုများမှ ရရှိလာသည့် အချက်များကို ယနေ့ (ညီလာခံ စတုတ္ထနေ့)တွင် UPDJC့အတွင်းရေးမှူး အဖွဲ့က ပြန်ပြီး ဆွေးနွေးကာ နေ့လယ်ပိုင်း UPDJC အစည်းအဝေးသို့တင်ပြမည် ဖြစ်ကြောင်း၊ UPDJC အစည်းအဝေး သဘောတူညီချက်ဖြင့် မနက်ဖြန် ညီလာခံသို့ တင်သွင်းပြီး ညီလာခံမှ ရရှိလာသည့် အဆိုပြုချက်များကို သဘောတူညီချက်အဖြစ် ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.