Connect with us

Politics, Law & Military

နိုင်ငံရေးကဏ္ဍဆွေးနွေးမှုများ အပေါင်း လက္ခဏာ ဆောင်သည်ဟုဆို

၂၁ ရာစ ပင်လုံ ညီလာခံ ဒုတိယနေ့  အကြောင်း သတင်းစာ ရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၅ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ဆွေးနွေးပွဲ၏ ဒုတိယနေ့ဆွေးနွေးပွဲများအနက် နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုသည် အပေါင်း လက္ခဏာ ဆောင်သည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျှံမှုန်းဆားခေါင်က မီဒီယာသို့ ပြောသည်။

“’ဒီနေ့ ဆွေးနွေးခဲ့တဲ့ ပုံစံ လေးခုကို ပြန်ပြီး သုံးသပ်တဲ့ အခါ ဘာတစ်ခုမှ ကျော်ထွက်လို့မရတဲ့ အဟန့် အတား မျိုး၊ အခက်အခဲမျိုး မမြင်ဘူး၊ ဆွေးနွေးချက် အားလုံးက အပြုသဘော ဆောင်တယ်၊ အားလုံးက ငြိမ်းချမ်းရေး လိုလားတယ်၊ အားလုံးက ကျွန်တော်တို့ ဒီညီလာခံကြီးကနေပြီးတော့ ဒီ ပြည်ထောင်စုကြီးကို ပြန်လည် ထူထောင်ဖို့အတွက် အခြေခံရမယ့် လမ်းညွှန် အခြေခံမျိုးကို ရရှိဖို့ လိုလားတယ်၊ အားလုံးက ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်း အဖြစ်နဲ့ လက်မှတ် ရေးထိုး နိုင်သည်အထိ ကြိုးစားကြရမယ်ဆိုတဲ့ သန္နိဌာန် ချထားမှုနဲ့ဆွေးနွေးနိုင်တာကို တွေ့ရတယ်၊ ဒါကြောင့် ဒီနေ့ နိုင်ငံရေးကဏ္ဍဆွေးနွေးချက်ကတော့ အင်မတန်မှ အကောင်းမြင်တဲ့ အပေါင်း လက္ခဏာ ဆောင်ပါတယ်လို့ တင်ပြချင်ပါတယ်” ဟု ယနေ့ညနေ နေပြည်တော် MICC II တွင် ပြုလုပ်ခဲ့သည့် ၂၁ ရာစ ပင်လုံ ညီလာခံ ဒုတိယနေ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ယနေ့ နိုင်ငံရေး ကဏ္ဍ ဆွေးနွေးမှုတွင် ပုံစံ လေးခု ပေါ်ထွက်ခဲ့ကြောင်း၊့ UPDJC က တင်သွင်းသည့် အဆိုပြုလွှာထဲမှ စာသားတချို့ကို ဖြည့်စွက်လိုခြင်း၊ စာသား ပြောင်းလဲလိုခြင်း၊ ပေါ်လစီပိုင်း မဟုတ် ဘဲ စကားလုံးမျှကို ပြင်ဆင်လိုသည့် အပိုင်း တွေ့ရကြောင်း၊ ဒုတိယ ပုံစံက တချို့နေရာမှ သဘော ထား အချို့ ပြောင်းလဲလိုခြင်း၊ အရမ်းပြင်းထန်သည့် စကားများကို ပျော့ပျော့ပျောင်းပျောင်း ရေးလို ခြင်း၊ တတိယ ပုံစံအနေဖြင့် ပြင်ဆင်ထားသည့် အဆိုပြုလွှာများတွင် မလိုအပ်ဘူး ဆိုပြီး ဖြုတ်ချင်တာတချို့ ရှိခြင်း၊ ထိုကဲ့သို့ ဖြုတ်လိုသည်တို့ကို UPDJC အတွင်းရေးမှူး အဖွဲ့နှင့့်အကျိုးဆောင်အဖွဲ့များက မှတ်သားထားရခြင်း၊ စတုတ္ထ ပုံစံက ယခုအချိန် ဆွေးနွေးဖို့ သိပ် အဆင်မပြေသေးဘဲ အဓိပ္ပါယ် ရှင်းလင်းဖို့လည်း လိုအပ်နေသည့် အချက်များကို ဆက်လက် ဆွေးနွေးရန် ရှိသည် ဟူသည့် မှတ်ချက်နှင့် တင်ပြခြင်း ဟူ၍ ပုံစံ လေးခု တွေ့ရှိရကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ အစည်းအဝေး ကျင်းပတဲ့ ပုံစံကတော့ ကျွန်တော်တို့ အစိုးရနဲ့လွှတ်တော်က အုပ်စု တစ်ခုအနေနဲ့ အများဆုံး ဆွေးနွေးတာကို တွေ့ရတယ်။ ပြီးတော့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီ ဆိုပြီး အုပ်စု နှစ်ခု ပုံစံမျိုးနဲ့ သွားပါတယ်။ ပထမမှာ အစိုးရ နဲ့ လွှတ်တော်က ကိုယ်စားလှယ်တွေ ဆွေးနွေးတယ်၊ ပြီးရင် တပ်မတော်က ကိုယ်စားလှယ်တွေ ဆွေးနွေးတယ်၊ ပြီးရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ဆွေးနွေးတယ်၊ ပြီးတော့ နိုင်ငံရေး ပါတီ အဲဒီလိုပဲ ကျွန်တော်တို့ အလှည့်ကျသွားပြီးတော့ ဆွေးနွေးတာကို တွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

UPDJC သည် ယခုညီလာခံသို့ အချက် ၄၁ ချက် တင်သွင်းခဲ့ပြီး ၎င်းတို့အနက် ၂၁ ချက်မှာ နိုင်ငံရေး ကဏ္ဍတွင် ပါဝင်ကြောင်း သိရသည်။“နိုင်ငံရေး ကဏ္ဍရဲ့ ခေါင်းစဉ်ခွဲတွေအနေနဲ့ကတော့ အချုပ်အခြာ အာဏာ ကိစ္စ ဖြစ်တယ်၊ ဒုတိယက အချုပ်အခြာ အာဏာ ကျင့်သုံးဖို့ဖြစ်တယ်၊ တတိယက တန်းတူရေး ဖြစ်တယ်၊ စတုတ္ထက ကိုယ်ပိုင် ပြဌာန်းခွင့်၊ ပဉ္စမက ဖက်ဒရယ် ပြည်ထောင်စု မူနဲ့ပတ်သက်တဲ့ ကိစ္စ ဖြစ်တယ်၊ နံပါတ် (၆)ကတော့ ပါတီစုံ ဒီမိုကရေစီ ကိစ္စ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေကို ကျွန်တော်တို့ ခွဲပြီး ဆွေးနွေးတဲ့ အခါကျ တော့ တော်တော်လေး အဆင်ပြေမှု ရခဲ့ပါတယ်” ဟုလည်း ဒေါက်တာ ဆလိုင်းလျှံမှုန်ဆားခေါင်က ပြောသည်။

ညီလာခံ ဒုတိယနေ့ အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊လူမှုရေးကဏ္ဌွ၊၊ မြေယာကဏ္ဍနှင့် လုြံခုံရေးကဏ္ဍ ဟူ၍ ကဏ္ဍ ငါးခု ဆွေးနွေးခဲ့ကြရာ စီးပွားရေး ကဏ္ဍနှင့် ပတ်သက်ပြီး UPDJC အတွင်း ရေးမှူးတစ်ဦး ဖြစ်သည့် ဦးမင်းကျော်ဇေယျာဦးက “ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စီးပွားရေး မူဝါဒ တွေ ဒီနေ့ ဆွေးနွေးပါ တယ်၊ အဲဒီမူဝါဒက စုစုပေါင်း ရှစ်ချက် ရှိပါတယ်၊ တစ်ကနေ ငါးအထိမှာ မူအားဖြင့် အားလုံး သဘောတူညီတဲ့ အနေအထားမျိုး ရရှိပါတယ်၊ ဆွေးနွေးမှုတွေမှာ စကားလုံး ပြင်ဆင်ချင်တာတွေ လောက်ကိုပဲ ဆွေးနွေးကြတာ များပါတယ်” ဟု ရှင်းပြခဲ့သည်။

ယခု ညီလာခံတွင် လူမှုရေး ကဏ္ဍနှင့် ပတ်သက်ပြီး ချပေးထားသည့် ခေါင်းစဉ်မှာ ပြန်လည် နေရာချ ထားရေး၊ ပြန်လည် ထူထောင်ရေးနဲ့လူမှု ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ ဖြစ်ကြောင်းနှင့် အခြေခံမူ လေးချက် ပါဝင်ကြောင်း၊ အခြေခံမူ ဖြစ်သောကြောင့် မူဝါဒမဆန်သော တချို့တင်ပြ ချက်များကို ဖယ်ထားပြီး ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံတကာ စံနှုန်းရော ပြည်တွင်းအနေအထားများနှင့်ပါ ချိန်ကိုက်ပြီး လုပ်ထားတာ ဖြစ်ကြောင်း၊ လူမှုရေး ဖြစ်သည့်အတွက် နိုင်ငံရေးအရ အများကြီး အငြင်းပွား ဖွယ်ရာ ကိစ္စ မရှိသောကြာင့် ယနေ့ အခက်အခဲ မရှိဘဲ ချောချောမောမော ဆွေးနွေးနိုင်ခဲ့ ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောခဲ့သည်။

အလားတူပင် UPDJC အတွင်းရေးမှူးတစ်ဦးဖြစ်သည့် ဦးမြင့်စိုးက “မြေယာ ကဏ္ဍမှာ စုစုပေါင်း ၁၀ ချက် ရှိပါတယ်၊ အခြေခံမူက ခြောက်ချက် ဖြစ်ပါတယ်၊ အခြေခံမူတွေနဲ့ပတ်သက်ပြီး စကားလုံး အသုံးအနှုန်းတွေ အကြံပြု တင်ပြတာ တွေ့ရပါတယ် တစ်ခုချင်းအပေါ်မှာ လက်မခံနိုင်တဲ့ အခက်အခဲတွေ မတွေ့ရပါဘူး” ဟု ရှင်းပြခဲ့သည်။ လုံခြုံရေး ကဏ္ဍတွင်လည်း ကြီးမားသည့် အခက်အခဲများ မတွေ့ရှိရကြောင်းUPDJC အတွင်းရေးမှူးတစ်ဦးဖြစ်သည့် ရဲဘော်မျိုးဝင်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.