Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် ပြန်လည် ရှင်းလင်း တင်ပြမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ယနေ့စတင် ကျင်းပ

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက် ၊ အမည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးရေ အရေအတွက် သတ်မှတ်ခြင်း တို့နှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြန်လည် ရှင်းလင်းတင်ပြမည့် ယနေ့ မတ်လ ၂၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး စတင်ကျင်းပ ပြုလုပ်နေပြီ ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြန်လည် ရှင်းလင်း တင်ပြပြီးနောက် ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက် ၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ အရေအတွက် သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ယနေ့ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် ၆၅၃ ဦးအနက် ၆၄၇ ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၉.၀၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြောက်ခံထားရသူ ဦးထင်ကျော်က တင်ပြထားသည့် ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက် ၊ အမည် နှင့် ပြည်ထောင်စု ဝန်ကြီး ဦးရေ အရေအတွက် သတ်မှတ်ခြင်း တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ကန့်ကွက်သူမရှိ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.