Connect with us

Politics, Law & Military

အစိုးရအဖွဲ့အရေအတွက်/ဦးရေ သတ်မှတ်ခြင်းကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က မတ် ၂၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ရှင်းလင်းတင်ပြမည်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တက်ရောက်လာသော သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတို့ကို မတ် ၂၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့မတ် ၁၈ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေး အပြီးတွင် ကြေညာခဲ့သည်။

ယနေ့မတ် ၁၈ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြသော ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ၊ အမည် နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အားတွေ့ရစဉ် (ဆင်ဟွာ)

နွားထိုးကြီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ဝန်ကြီးဌာနများ လျှော့ချ လိုက်ခြင်း ကြောင့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ ပိုမိုလျှင်မြန် ကောင်းမွန်လာမည် ဖြစ်ကြောင်း ၊ ဝန်ကြီးဌာနများ လျှော့ချလိုက်ခြင်းအားဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှုများ ပိုမို ရှင်းလင်းလာမည် ဖြစ်သကဲ့သို့လွှတ်တော် အနေဖြင့် ဘတ်ဂျက် စစ်ဆေးမှု အပါအဝင် အပြန်အလှန် ထိန်းကျောင်းခြင်းများ ပြုလုပ်ရာတွင် ပိုမို ထိရောက် မြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည်မှာ သေချာပါကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
ကျောက်ဖြူမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ထောက်ခံဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနများအနက် သမဝါယမဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ အားကစားဝန်ကြီးဌာနများတို့သည် ပေါင်းစပ် ဖွဲ့စည်းရာတွင် ပါဝင်သည်ကို သိရှိသော်လည်း မည်သို့ပါဝင်သည် ဆိုသည်ကို အစိုးရ ဝန်ထမ်းများနှင့် ပြည်သူများသိရှိစေရန် ရှင်းလင်းပေးစေလိုကြောင်း ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ရှင်းလင်း တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်သည် ပထမဆုံး အကြိမ် အဖြစ် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.