Connect with us

Politics, Law & Military

လာမည့် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ဘဏ် မှ ဆက်လက် ပံ့ပိုးမှုများ ပြုလုပ်သွားမည်

ကမ္ဘာ့ဘဏ်အုပ်စု၏ မူဝါဒရေးရာအကြံပြုဆွေးနွေးပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ် အနေဖြင့် လာမည့် အစိုးရသစ် လက်ထက်တွင် လည်း ပံ့ပိုးမှုများ ဆက်လုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Abdoulaye Seck က ယနေ့ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လာမည့် ငါးနှစ်အတွင်း တစ်နှစ်လျှင် ပုံမှန် ဈေးနှုန်းများအရ စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် လျင်မြန်စွာ တိုးတက်မည့် အလားအလာများ ရှိနေပြီး မူဝါဒများ ချမှတ် ဆောင်ရွက်မည် ဆိုပါက တိုးတက်လျက် ရှိနေသည့် စီးပွားရေး အခြေအနေသည် မြန်မာပြည်သူများအား အလုပ်အကိုင် ပိုမို ဖန်တီး ပေးနိုင်ပြီး ဝင်ငွေ တိုးတက်စေ နိုင်မည်ဟု ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် တင်ပြဆွေးနွေးသည့် မူဝါဒရေးရာ အကြံပြုစာတမ်းများတွင် ဖော်ပြထားသည်။

“ကမ္ဘာ့ဘဏ်ရဲ့ဘယ်လိုမျိုး ပံ့ပိုးကူညီမှုတွေ ဆိုတာထက် ဘယ်လိုမျိုး ကမ္ဘာ့ဘဏ်ရဲ့ပံ့ပိုးမှုက အစိုးရသစ်အတွက် အကျိုးရှိစေမယ် ဆိုတဲ့ အပိုင်းကို ပိုပြီး ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံက ပိုပြီး ကောင်းမွန်တဲ့ အနာဂတ် ဖြစ်ဖို့ဘယ်လို အထောက်အပံ့တွေ ပေးရမလဲ ဆိုပြီး ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးခဲ့တဲ့ အပိုင်းမှာလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ပိုပြီး ခိုင်ခိုင်မာမာ ရပ်တည်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ပံ့ပိုးမှုတွေနဲ့ပတ်သတ်ပြီး အစိုးရသစ် အနေနဲ့တကယ့် ကိုထည့်သွင်း စဉ်းစားနိုင်တဲ့ ပမာဏ ဖြစ်ဖို့အထိကို ပံ့ပိုး သွားမည် ဖြစ်ပါတယ်။မြန်မာနိုင်ငံအပေါ် ပံံ့ပိုးမှုတွေနဲ့ပတ်သက်ပြီး ကတိကဝတ် ထားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ဘယ်နေရာတွေ လိုအပ်နေတယ်ဆိုတာတွေကို လေ့လာထားတာတွေ ရှိပါတယ်။ဒါကြောင့် လာမည့် အစိုးရသစ် အနေနဲ့ကမ္ဘာ့ဘဏ်က ပံ့ပိုးဖို့ဆိုရင် ကမ္ဘာ့ဘဏ်နဲ့မိတ်ဘက် ပူးပေါင်းဆောင်ရွက်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး အကျိုးရှိမယ်။ဘယ်လိုမျိုး ပံ့ပိုးမှုတွေ ရနိုင်မလဲဆိုတာလည်း လေ့လာနေပါတယ်။”ဟု ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Abdoulaye Seck က ပြောသည်။
မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ရန် မူဝါဒရေးရာ အကြံပြုချက် စာတမ်းများတွင် ပညာရေး ၊ ကျန်းမာရေး နှင့် လူမှု ကာကွယ် စောင့်ရှောက်ရေး ဟူသည့် လူမှု ဝန်ဆောင်မှုများ ရရှိနိုင်ရေး ၊ ကျေးလက် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်စေရေး နှင့် ယှဉ်ပြိုင်မှု ရှိရေး ၊ လူတိုင်း လက်လှမ်းမီသည့် ဘဏ္ဍာရေး စနစ် ထူထောင်ရေး ၊ လျှပ်စစ် ဓာတ်အား တိုးတက်ရရှိရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍ စွမ်းအင် မြှင့်တင်ရေး ကဏ္ဍ ၆ ခု အဓိကထား ပါရှိသည်။

ထိုမူဝါဒ ရေးရာ အကြံပြုချက်များသည် မျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှုကို ဖော်ဆောင်နိုင်ရေး အတွက် အချင်းချင်း ချိတ်ဆက်နေပြီး အရေးကြီး ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍ ၆ ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် နှင့် လူတိုင်းအတွက် အကျိုး ဖြစ်ထွန်းနိုင်မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ကမ္ဘာ့ဘဏ်အုပ်စုက ဆက်လက် အားပေး ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ်မှ ကတိပြု ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.