Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ/မရှိ စိစစ်ရေး အဖွဲ့နှင့် ဒုတိယ သမ္မတများ၏ အမည်စာရင်းများကို မတ်လ ၁၀ ရက် အစည်းအဝေးတွင် ရွေးချယ် ပေးပို့ကြရန် အသိပေး

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယ သမ္မတများ အဆိုပြုခြင်း အစည်းအဝေး ကျင်းပမည့် မတ်လ ၁၀ ရက်တွင် ဒုတိယ သမ္မတများ အမည်စာရင်းနှင့် နိုင်ငံတော် သမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ/မရှိ စိစစ်နိုင်ရန် စိစစ်ရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရေး အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်ပေးသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်ဦးချင်းစီ အမည်စာရင်း တို့ကို တစ်ပါတည်း ရွေးချယ်ပြီး ပေးပို့ကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အသိပေး ကြေညာခဲ့သည်။

“မတ်လ၁၇ ရက် အစည်းအဝေး လုပ်မယ်ဆိုရင် ဟိုဘက်အပိုင်းမှာ လုပ်ရတဲ့ ကိစ္စတွေက တစ်အား များတာကိုးဗျာ။ အချိန်သိပ်မရဘူး ဖြစ်မှာပေါ့။ အဲဒါကြောင့် ရှေ့တိုးတယ်လို့ဒီလိုပဲ မြင်ပါတယ်။ မတ်လ ၁၇ ရက်ဆိုရင် သမ္မတ ရွေးချယ်ပြီး ပေါ်လာရင် မတ်လ ၂၀ ရက် ကျော်လောက်မှ ပေါ်လာမယ်။ နောက်ဆုံး မတ်လ ၃၀ ၊ ၃၁ ရက်ထားပြီး လုပ်ရမယ်။ အချိန် အရမ်းကပ်နေလို့ပါ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ ဖြစ်လာနိုင်သေးကြောင်း ၊ ယခု အစည်းအဝေး ရက်ရွှေ့ဆိုင်းခြင်း နှင့် မသက်ဆိုင်ကြောင်း NLD ၏ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ယနေ့နေပြည်တော်ရှိ လွှတ်တော်တွင်း၌ မီဒီယာများသို့ ပြောကြားခဲ့သည်။

ယနေ့မတ်လ ၁ ရက်တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်အား မူလ သတ်မှတ်ထားသည့် မတ်လ ၁၇ ရက် အစား မတ်လ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း နေ့ရက် ပြင်ဆင် သတ်မှတ်ချက်ကို အတည်ပြု ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.