Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်အား ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦး ဖြင့် အတည်ပြု ဖွဲ့စည်း

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦး ဖြင့် ဖွဲ့စည်းကြောင်း ယနေ့မတ် ၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြု ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်အား အကြံပြုနိုင်ရန် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယင်းကော်မရှင်အား ဖွဲ့စည်းရေးအတွက် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီး ယနေ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောဆန္ဒ ရယူပြီး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ရမည်းသင်း မဲဆန္ဒနယ်မှ ဦးကိုကိုနိုင် ၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက်တာ ဝင်းမြတ်အေး ၊ အတွင်းရေးမှူး အဖြစ် ဦးခင်မောင်ထွန်း တို့နှင့် အဖွဲ့ဝင် ၃၁ ဦး ဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းလိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်သည် လွှတ်တော်တွင် အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ဥပဒေအမြင် နှင့် ယှဉ်တွဲ လေ့လာ သုံးသပ်ကာ လွှတ်တော် ဥက္ကဋ္ဌများမှ တဆင့် လွှတ်တော်ကို အသိပေးရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.