Connect with us

Politics, Law & Military

ပင်လုံညီလာခံ အတွက် လုပ်ငန်းကော်မတီ အစည်း အဝေးများကျင်းပ

၂၁ ရာစု ပင်လုံ လုပ်ငန်းကော်မတီ အစည်းအဝေးကို MICC II တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွက် လုပ်ငန်းကော်မတီ အစည်း အဝေးများကို နေပြည်တော် MICC II တွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ကဏ္ဍအလိုက် ကျင်းပလျက်ရှိရာ ကျား – မ တန်းတူရေးကို သဘောတူညီချက်ရသည့်အထိ အဓိကထား ဆွေးနွေး သွားမည် ဟု UPDJC အတွင်းရေးမှူး တစ်ဦးဖြစ်သည့် ဦးဇော်ဌေးက မီဒီယာသို့ ပြောခဲ့သည်။

“နိုင်ငံရေးကဏ္ဍကတော့ ကျား၊ မ တန်းတူရေးနဲ့ ပက်သတ်ပြီး အဓိကထားပြီး သဘောတူညီချက် ရအောင်လုပ်မယ်။ ကျန်တဲ့ ကဏ္ဍတွေကတော့ သိပ် များများစားစား အငြင်းပွားစရာမရှိဘူး။ စီးပွား ရေးကလည်း ထွက်သင့် သလောက်ထွက်တယ်။ လူမှုရေးကလည်း ကျနော်တို့ မူလက သဘောတူ ထားတာရှိတယ်။ အခု သုံးရက်မှာ ကျနော်တို့ ဆက်ဆွေးနွေးဖို့ ကျနော်တို့ မူလ မှန်းထား တာ ၁၀ ချက်လောက်တော့ လုံခြုံရေးကဏ္ဍက တင်နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာ ကြောင့်လဲ ဆိုတော့ နိုင်ငံရေးကဏ္ဍမှာ လာမယ့် ပင်လုံညီလာခံမှာ သဘောတူညီချက်က နည်းနည်း လေး နည်းမယ့် သဘောရှိတဲ့အတွက် ကျန်တဲ့ ကဏ္ဍတွေကနေပြီးတော့ သဘောတူညီချက် တွေ အများဆုံးရအောင် ကြိုးပမ်းသွားမယ်။ ညီလာခံကို ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ MICC 2 မှာပဲလုပ်မယ်” ဟု ၎င်းက အစည်းအဝေး နေ့လယ်ပိုင်း ခေတ္တနားချိန်တွင် ပြောခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပမည့် တတိယ ပင်လုံညီလာခံသို့ ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ယခု ကျင်းပလျက်ရှိသည့် UPDJC အစည်းအဝေးတွင် လုံခြုံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် မြေယာ ကဏ္ဍ ဟူ၍ ကဏ္ဍငါးခု ခွဲပြီး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၆ ရက်နေ့ အစည်းအဝေးများ ပြီးဆုံးချိန်တွင် သဘောတူညီချက် ရလဒ်များ ထုတ်ပြန်မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.