Connect with us

Politics, Law & Military

အခွန်ဥပဒေသစ်ဖြစ်သော်လည်း အရည်ကျိုအပ်ကားများရာဖြတ်တန်ဖိုးကို ယခင်ဘဏ္ဍာနှစ်အတိုင်းသတ်မှတည်ပေးမည်

အရည်ကျိုအပ်ကားများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၁ရက် (ဆင်ဟွာ)

အခွန်အကောက်ဥပဒေအသစ်ကြောင့် အရည်ကျိုအပ်ကားများ အမည်ပြောင်းပြုလုပ်ရာတွင် ငွေကျပ်ခြောက်သိန်းကျော်အခွန် ပေးဆောင်ရသော်လည်း ရာဖြတ်တန်ဖိုးများ ကို ယခင်ဘဏ္ဍာနှစ်အတိုင်း သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအခွန်အကောက်ဥပဒေအသစ်အရ မော်တော်ယာဉ်များအမည်ပေါက် ပြုလုပ်ခြင်းကိ ု ယခင်က မော်တော်ယာဉ် တန်ဖိုး၏ ၃ ရာခိုင်နှုန်းသာကောက်ခံခဲ့ပြီး ယခုဘဏ္ဍာနှစ်မှစ၍ ၁၅ ရာခိုင်နှုန်းသို့ တိ ုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။
အခွန်အကောက်ဥပဒေအသစ်အရ အမည် ပြောင်းပြုလုပ်ရာတွင် ဝင်ငွေရလမ်း မဖော် ပြနိုင်ပါက မော်တော်ယာဉ်တန်ဖိုး၏ ၁၅ ရာခိ ုင်နှုန်းပေးဆောင်ရမည်ဖြစ်ရာ ယခင်က ငွေကျပ် ၁၃၅,၀၀၀ သာပေးဆောင်ရသော ဓာတ်ဆီ၊ ဒီဇယ်အပ်ကားများသည် ယခုအခါ ငွေကျပ် ၆၇၅,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ယခင်က ငွေကျပ် ၁၆၅,၀၀၀ သာ ပေးဆောင်ရသည့် CNGအပ်ကားများသည် ယခုအခါ ငွေကျပ် ၈၂၅,၀၀၀ ပေးဆောင်ရတော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.