Connect with us

Politics, Law & Military

UNFC အရေးပေါ်အစည်းအဝေး၌ အစိုးရသစ်နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်း

UNFC လိုဂိုတံဆိပ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- UNFC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ်အစည်းအဝေး သုံးရက်အတွင်း အစိုးရသစ်နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းခြင်းနှင့် အခြားကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့ကြောင်း UNFCအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ အစည်းအဝေးတွင် အစိုးရသစ် နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းခြင်းအပြင် TNLA နှင့် RCSS အကြား ကြားဝင်ညှိနှိုင်းပေးရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် UNFC ၏ ဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အရေးပေါ် အစည်းအဝေး စတုတ္ထနေ့ ကို ဖေဖော်ဝါရီလ ၂၁ ရက်က ထိုင်းနိုင်ငံ ချ င်းမိုင်မြို့တွင် ကျင်းပလျက်ရှိသည်။

ယင်း အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်မှ စတင်ကျင်းပခဲ့သည်။

အစည်းအဝေးကို UNFC မှ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ နိုင်ဟံသာ တို့ အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ် ၄၀ ဦးနှင့် အခြား လေ့လာသူများလည်း တက်ရောက် ဆွေးနွေးလျက်ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117