Connect with us

Politics, Law & Military

ပြည်ထောင်စု စိတ်ဓာတ်ကို အသက်တမျှ တန်ဖိုးထားကြရန် သမ္မတ ပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ် နိုးကြား ရှင်သန်နေအောင် အသက်တမျှ တန်ဖိုးထားပြီး ထိန်းသိမ်း မွေးမြူကြဖို့အလွန်အရေးကြီးကြောင်း ယနေ့ကျရောက်သော (၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့နိုင်ငံတော် သမ္မတက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြ ပါရှိသည်။

မြန်မာနိုင်ငံအား တစ်နှစ်အတွင်းလွတ်လပ်ရေး ပေးရန် သဘောတူညီချက်များ ပါဝင်သည့် အောင်ဆန်း – အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့သော်လည်း အင်္ဂလိပ်အစိုးရက တောင်ပေါ်ဒေသ များကို လွတ်လပ်ရေး မပေးဘဲ ချန်လှပ်ထားလိုခဲ့ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များက တစ်နိုင်ငံလုံး လွတ်လပ်ရေး ရရှိရေး တောင်းဆိုကြရန် ပင်လုံ ညီလာခံကြီး ကျင်းပ ဆွေးနွေးခဲ့ကြပြီး ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ကြပြီး ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ တိုင်းရင်းသား အားလုံး တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေးကို အတူတကွ ရယူနိုင်ခဲ့သည့် ပြည်ထောင်စု စိတ်ဓာတ်ကို မြန်မာ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးက အမြတ်တနိုး တန်ဖိုးထားကြရမှာ ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

နေပြည်တော် ၌ ကျင်းပသော(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၌ ကျင်းပသော(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၌ ကျင်းပသော(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၌ ကျင်းပသော(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၌ ကျင်းပသော(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ တက်ရောက်ပြီး နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ရာ … “ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ခိုင်မာမှု မရှိရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် အလှမ်းဝေးနေမှာ ဖြစ်ပါတယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ယုံကြည်မှု ရှိကြဖို့ပဲ ဖြစ်ပါတယ်၊ သို့ဖြစ်ခြင်းကြောင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးက ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး သံသယ ကင်းတဲ့ အကြွင်းမဲ့ ယုံကြည်၊ ခိုင်မာတဲ့ စည်းလုံးမှု၊ ပြတ်သားတဲ့ သန္နိဌာန် စိတ်တို့နဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းဖြင့်ပင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်” ဟု ဖတ်ကြားခဲ့သည်။

(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသားရေး ဦးတည်ချက်များ ဖြစ်သော … ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ် နိုးကြား ရှင်သန်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဖြင့် ပြည်တွင်း ငြိမ်းချမ်း ရေးကို အောင်မြင်အောင်တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံမှ သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်းများကို အားပေး မြှင့်တင်ခြင်းဖြင့် ပြည်ထောင်စု တစ်ဝှမ်းလုံး စီးပွား ဖွံ့ဖြိုး တိုးတက်စေ ရေး .. တို့ကို ပြည်သူတစ်ရပ်လုံးက အလေးအနက်ခံယူပြီး ခိုင်မာသည့် သန္နိဌာန်ဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းလည်း နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.