Connect with us

Politics, Law & Military

ပြည်ထောင်စု ဝန်ကြီးဌာန အသစ်တစ်ခု တိုးချဲ့ ဖွဲ့စည်းမည်

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

“ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန” အမည်ရှိ ပြည်ထောင်စု ဝန်ကြီးဌာန အသစ်တစ်ခု တိုးချဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် လာ မည့် ကြာသပတေးနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဟု ပြည်ထောင်စု လွှတ်တော် နာယကက ယနေ့ အစည်းအဝေးတွင် ပြောကြားသည်။

ထိုသို့ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ရန် နိုင်ငံတော် သမ္မတက နိုဝင်ဘာ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့ခဲ့သော သဝဏ်လွှာ၌ “ နိုင်ငံတော်၏ စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့် အကူအညီထောက်ပံ့မှုများသည် နိုင်ငံတော်၏ မူဝါဒ စည်းမျဉ်းများနှင့်အညီ ထိရောက် စွာ ကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ၏ အရေးပါသည့် အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ အကျိုးစီးပွား အလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် တာဝန် ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက်လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) ကို ဖြည့်စွက် ဖွဲ့စည်းရန် လိုအပ်လျက်ရှိပါသည်။” ဟု ဖော်ပြ ပါရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ ဖတ်ကြား တင်ပြခဲ့ သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု ဝန်ကြီးဌာန အသစ်တစ်ခု ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတက တာဝန်ပေးထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ရှင်းလင်း တင်ပြရာတွင်… “နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ နိုင်ငံတကာက ပေးအပ်တဲ့ ချေးငွေ အကူအညီ တွေ ထောက်ပံ့မှု တွေ ကို အထိရောက်ဆုံး ရယူပြီး ပြည်သူတွေရဲ့ အကျိုးအတွက် အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေးအခြေအနေဟာ နိုင်ငံ့ အကျိုးစီးပွား မြှင့်တင်မှုအခြေအနေတွေကို အခြေခံ့ပြီး အရင်ကထက် စိန်ခေါ်မှု ပိုမို ကြီးမားလာပါတယ်” ဟုပြောခဲ့သည်။

နိုင်ငံတကာမှ အရင်းအနှီးများ ရရှိစေရန် ဒေသတွင်းနိုင်ငံများနှင့် အပြိုင်ကြိုးပမ်းရာတွင် စူးစူးစိုက်စိုက် အချိန်ပြည့် စိတ်ရော ကိုယ်ပါ မြှုပ်နှံပြီး အင်တိုက်အားတိုက် ဆောင်ရွက်ရန်သည် အရေးကြီးသော လိုအပ်ချက်တစ်ရပ် ဖြစ်လာကြောင်း၊ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများကို အစွမ်းကုန် မြှင့်တင်နိုင်ရန်အတွက် ယခု တိုးချဲ့ဖွဲ့စည်းမည့် ဝန်ကြီးဌာနအသစ် လိုအပ်ပါ ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်က လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်း အစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်(လာမည့် ကြာသပတေးနေ့)တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ း ၀၀ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့ နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားခဲ့သည်။ (Xinhua)