Connect with us

Politics, Law & Military

အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ စီးကရက် ၊ ဝိုင်အမျိုးမျိုး ၊ဘီယာအမျိုးမျိုးတို့ အား ရှာဖွေ သိမ်းဆည်း အရေးယူမည်

ပြည်တွင်းအခွန်များဦးစီးဌာန ၏ အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ စီးကရက် ၊ ဝိုင်အမျိုးမျိုး တရားမဝင်တင်သွင်း ထားသည့် ဘီယာအမျိုးမျိုးတို့ အား ရှာဖွေ သိမ်းဆည်း အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။

အထူးကုန်စည်များဖြစ်သည့်အရက်၊ စီးကရက်၊ဝိုင်အမျိုးမျိုးတို့အား သတ်မှတ်ထားသောအခွန်အမှတ်တံဆိပ်

ကပ်နှိပ်ပြီးမှရောင်းချရန် သတ်မှတ်ထားကြောင်း၊ သတ်မှတ်ထားသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင်အမျိုးမျိုးနှင့်တရားမဝင် တင်သွင်းထားသော ဘီယာအမျိုးမျိုးတို့ကို ဝယ်ယူရောင်းချကြောင်း စိစစ်တွေ့ရှိရပါက တွေ့ရှိသည့် အဆိုပါ အထူး ကုန်စည်များကို အထူးကုန်စည်ခွန် ပဒေနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့် အပြင် ဒဏ်ငွေကိုလည်းပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ဝယ်ထားရှိရောင်းချသူသည် သိမ်းဆည်းခြင်းခံရသည့် အထူးကုန်စည်တန်ဖိုး၏ ၁၀၀ရာခိုင်နှုန်း ကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော အထူးကုန်စည်များသည် ပြည်တွင်း၌ ထုတ်လုပ်သော အထူးကုန်စည်ဖြစ်ပါက ယင်းကုန် စည်ကို ထုတ်လုပ်သူကလည်း ယင်းအထူးကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ကိုဒဏ်ငွေအဖြစ် ပေးဆောင် ရမည် ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။

အခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင်းအမျိုးမျိုး ၊ တရားမဝင် တင်သွင်းထားသော ပြည်ပနိုင်ငံထုတ် ဘီယာအမျိုးမျိုးတို့ကို ရှာဖွေဖော်ထုတ် သိမ်းဆည်းရန် ဈေးကွက်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းအား အထူးကုန်စည်ခွန် ဥပဒေတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ သတ်မှတ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင်အမျိုးမျိုးနှင့် တရားမဝင် တင်သွင်းထားသည့် ဘီယာအမျိုးမျိုးတို့ကို ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြပါရန် ကြိုတင် အသိ ပေးအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ ကြေညာချက်ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.