Connect with us

Politics, Law & Military

ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပုဂ္ဂိုလ် ၁၈ ဦး၏ အမည်စာရင်းများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန် ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့မတ် ၂၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ပါဝင်လာခဲ့သည်။

တင်ပြခဲ့သည့် ပြည်ထောင်စုဝန်ကြီးများမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာ အောင်သူ ၊ ဦးသန့်စင်မောင် ၊ သူရဦးအောင်ကို ၊ ဦးအုန်းဝင်း ၊ ဦးသိန်းဆွေ ၊ ဦးကျော်ဝင်း ၊ ဦးခင်မောင်ချို ၊ ဒေါက်တာ မြင့်ထွေး ၊ ဦးဝင်းခိုင် ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ ဦးအုန်းမောင် ၊ ဒေါက်တာ သန်းမြင့် ၊ နိုင်သက်လွင် ၊ ဒေါက်တာ ဖေမြင့် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ဖြစ်ကြသည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်ထံမှ အဆိုပြုတင်ပြထားသည့် ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန် ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်ကြောင်း အဆို တင်သွင်းခြင်းတို့ကို မတ်လ ၂၄ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.