Connect with us

Politics, Law & Military

NLD လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားနိုင်သော ကော်မတီဖွဲ့စည်း

လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ် စားလှယ်များကို ပြည်သူများတိုင်ကြားနိုင်ရန် တိုင်ကြားစာ လက်ခံရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။

အဆိုပါ ကော်မတီသို့ တိုင်ကြားလိုသူများသည် အချက်အလက်၊အထောက်အထား တိတိကျကျဖြင့် တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များဖြင့် တိုင်ကြားနိုင်ကြောင်း ၎င်းက ယနေ့ လွှတ်တော်တွင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားသည်။ယင်း တိုင်ကြားမှုများ မှန်ကန်ပါက တိုင်ကြားခံရသူ လွှတ်တော်ကိုယ်စားလှယ်ကို ပါတီစည်းမျဉ်းစည်းကမ်း အတိုင်းအရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်များကို ဥပဒေနှင့် ပတ်သက်ပြီး အရည်အချင်းစစ်စာမေးပွဲစစ်ဆေးရာ၌ ရန်ကုန်တိုင်းဒေသကြီးးနှင့် မန္တလေးတိုင်းဒေသကြီးက အမတ်အချို့သည် ရမှတ်တစ်မှတ်ပင်မရသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြောင်း ဦးဝင်းထိန်က ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း၌ လွှတ်တော်ကိုယ်စားလှယ် ဂုဏ်သိက္ခာနှင့် နေထိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုသည် ယနေ့ ဒုတိယအကြိမ်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.