Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေး ယနေ့ ပြန်လည် စတင်

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၈၂ ရက်မြောက်နေ့ အစည်းအဝေးကို နေပြည်တော်တွင် ယနေ့စတင် ဆွေးနွေးလျှက် ရှိသည်။

ယင်း ပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တက်ရောက်ကာ အဖွင့် နှုတ်ဆက်စကား ပြောပြီး အစည်းအဝေး စတင်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဧရာဝတီတိုင်း ကျောင်းကုန်း မဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းမှ နိုင်ငံတစ်ဝှမ်း ရေကြီး ရေလျှံမှုများနှင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်စရာ အချိန်လိုအပ်သဖြင့် လွှတ်တော် အစည်းအဝေး ရပ်နားပေးရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၈၂ ရက်မြောက်နေ့ အစည်းအဝေးသို့တက်ရောက်လာစဉ် (ဆင်ဟွာ)

လွှတ်တော် အစည်းအဝေးများ ရပ်နားခြင်း အရေးကြီးအဆိုကို ကိုယ်စားလှယ် တစ်ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြန်လည် ဆွေးနွေးခဲ့သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ပြည်သူ ပြည်သားများ အကျိုးကို စောင့်ရှောက် ကာကွယ်သော ဥပဒေများစွာကို အတည်ပြုစရာ များစွာရှိခြင်း၊ တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် လွှတ်တော်အားယူ၍ ရေဘေးသင့် ကိစ္စများ ဆောင်ရွက်ခြင်းက ပိုမို ကောင်းမွန်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.